Connect with us

Social

အင်းတော်ကြီးကန်အတွင်း ငါးမျိုးစိတ်ပေါင်း ၁၀၅ မျိုးအထိ တွေ့ရှိထား

အင်းတော်ကြီးကန် အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးကန်အတွင်း ငါးမျိုးစိတ်စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို သဘာဝဝန်းကျင်နှင့်သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနနှင့် Friends of Wildlife– FoW အဖွဲ့တို့ ပူး ပေါင်း ၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိတ်ပေါင်း ၁၀၅ မျိုးအထိ တွေ့ရှိထားကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် ၂၀၁၇ ဧပြီလမှစတင်၍ နမ့်ပဒဲရွာ၊ မမုန်ကိုင်ရွာ၊ လယ်ပုံလေးရွာနှင့် နန့်မောက္ကန်ရွာများတွင်ရှိ သော တံငါသည် ငါးဦးစီအား ဖမ်းဆီးရမိသည့် ငါးမျိုးစိတ်၊ စုစုပေါင်းအလေးချိန်များကို မှတ်တမ်းတင်ခြင်း နည်းဖြင့် ဒီဇင်ဘာလအထိ ဘာလအထိ ခြောက်ကြိမ်ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိတ်ပေါင်း ၁၀၅ မျိုးရှိသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကန်အတွင်းမှ ငါးမျိုးစိတ်များထိန်းသိမ်းရေးနှင့် နှစ်စဉ်မပျက် ငါးထုတ်လုပ်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန နှင့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးအဖွဲ့တို့ကအင်းတော်ကြီးကန်အတွင်း ငါးမဖမ်းရ နယ်မြေများကိုလည်း စနစ်တကျ သတ်မှတ်ဆောင်ရွက်ထားရှိရာ အင်းတော်ကြီး ရွှေမဉ္စူစေတီတော်နှင့် ပတ်လည် ကိုက် ၁၀ဝ၊ ရွှေတောင်ချောင်း-ဘိုးဘိုးကြီးနတ်နန်း-တောင်ခြေမဝါးချောင် သုံးပွင့်ဆိုင်နေရာတွင် တစ်မိုင်ပတ်လည်၊ နန့်စမ်းသာချောင်း၊ နန့်ရင်းခချောင်းနှင့်နန့်ဖောင်စင်ချောင်းများနှင့် ကိုက် ၂၂၀ ပတ်လည် တို့ကို ငါးမဖမ်းရ နယ်မြေများအဖြစ် သတ်မှတ်ထားရှိပြီး သတိပေးတားမြစ်ချက်များ ထုတ်ပြန်ထားကာ တွေ့ရှိပါက ရေချိုငါး အက်ဥပဒေ ဖြင့် ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့အလင်းသတင်း တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.