Connect with us

Social

အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ လူမှုရေး ပင်စင်ပေးမည်

ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ရှင်းလင်းတင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဘဏ္ဍာနှစ် အသစ်နှင့် အဟောင်းကြားရှိ ခြောက်လ ဘတ်ဂျက်မှ စပြီး လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ငွေ ပိုမို သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ တွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထောက်ပံ့ငွေ တိုးမည့် လုပ်ငန်းများအနက် အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား လူမှုရေး ပင်စင်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် နှစ်နှစ်အောက် ကလေးတို့အား ထောက်ပံ့ငွေပေးမှုကို နယ်မြေ ဒေသ တိုးချဲ့ဆောင်ရွက်ခြင်းတို့ပါဝင်ကြောင်း ကော်မတီ၏ တွေ့ရှိ သုံးသပ်ချက်များတွင် ဖော်ပြထားသည်။

“သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်အဖြစ် တစ်ဦးလျှင် ကျပ် တစ်သောင်းနှုန်း ထောက်ပံ့ ပေးခြင်းကို လက်ရှိမှာ အသက် ၉၀ နှစ်နဲ့အထက် သက်ကြီးရွယ်အိုများကိုသာ ထောက်ပံ့ပေးနိုင်ရာက အသက် ၈၅ နှစ်ကနေ ၉၀ ကြားအထိ ကိုပါ လာမယ့် ခြောက်လမှာ စပြီး တိုးချဲ့ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဇလွန်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အရ အသုံး ခန့်မှန်း ခြေ ငွေစာရင်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း ဆိုင်ရာ ဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး ဇလွန်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးအောင်မင်းက ဖတ်ကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်က ရခိုင်ပြည်နယ် ၊ ချင်းပြည်နယ်နှင့် နာဂဒေသ တို့ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့က မွေးဖွားလာ သည့် အသက် နှစ်နှစ်အောက် ကလေး သူငယ်များအား လစဉ် ကျပ် တစ်သောင်း ငါးထောင် ထောက်ပံ့မှုကို ယခု ခြောက်လ ဘတ်ဂျက်မှ စ၍ ဧရာဝတီတိုင်းဒေသကြီး တွင်ပါ တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.