Connect with us

Politics, Law & Military

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ထိုင်းဘုရင်မင်းမြတ်မှ တိုင်းပြည်အကျိုးသယ်ပိုးသည့် အမြင့်ဆုံးဘွဲ့ ချီးမြှင့်မည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထိုင်းနိုင်ငံသို့ရောက်ရှိ(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်ဘုရင်မင်းမြတ်က ထိုင်းနိုင်ငံ၏ တိုင်းပြည်အကျိုးသယ်ပိုးသည့် အမြင့်ဆုံးဘွဲ့“The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့ နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြပြီး ခရီးစဉ်အတွင်း ထိုင်းဘုရင်မင်းမြတ်မှပေးအပ်မည့် “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အား လက်ခံရယူခြင်းနှင့် အထင်ကရနေရာများအား လှည့်လည်ကြည့်ရှု လေ့လာမည်ဖြစ်ကြောင်း သိရှိရသည်။

”The Knight Grand Cross(First Class)of the Most Exalted Order of the White Elephant ” ဘွဲ့သည် ၁၉၁၈ခုနှစ်မှစ၍ တိုင်းပြည်အကျိုးသယ်ပိုးသည့် မင်းမျိုးမင်းနွယ်၊ စစ်ဘက်ခေါင်းဆောင်၊ အရပ်ဘက်ခေါင်းဆောင် ပြည်ပပုဂ္ဂိုလ်များအားချီးမြှင့်သည့် ထိုင်းနိုင်ငံတွင်အမြင့်ဆုံးဘွဲ့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.