Connect with us

Sport

အာရှဘောလုံးအဖွဲ့ချုပ်မှကျင်းပမည့် ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပဏာမမြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်း စတင်ဖွဲ့စည်း

မြန်မာ့လက်ရွေးစင်အသင်းယှဉ်ပြိုင်ကာစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် သြဂုတ်လတွင် အာရှဘောလုံးအဖွဲ့ချုပ်မှ ကျင်းပမည့် AFF U-15 Championship 2018 ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပဏာမမြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းကို ကစားသမား (၇၃) ဦးဖြင့် စတင်ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ပဏာမမြန်မာ ယူ-၁၅ အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘောလုံးအကယ်ဒမီ (၃) ခုနှင့် တပ်မတော်ဘောလုံးအကယ်ဒမီတို့မှ ကစားသမား (၃၅) ဦးနှင့် MFF 100PLUS U-15 Cup 2017 ပြိုင်ပွဲမှ ရွေးချယ်ထားသော ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကစားသမား (၃၈) ဦး၊ စုစုပေါင်း ကစားသမား (၇၃) ဦးဖြင့် စတင်စခန်းသွင်း လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။

စခန်းသွင်းလေ့ကျင့်မှုများကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် စတင်မည်ဖြစ်ပြီး၊ ပဏာမ မြန်မာ ယူ-၁၅ အသင်းသည် ၂၀၁၈ ခုနှစ် မတ်လတွင် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် Jockey Club International Tournament ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.