ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ညောင်တုန်းမြို့၏ မြစ်ကမ်းရေကာတာမှာ နှစ်စဉ်နှစ်တိုင်း နိမ့်ဆင်းပြိုကျလျက်ရှိနေခြင်းကြောင့် ရေဘေးအန္တရာယ် စိုးရိမ်ဖွယ်ရာအခြေအနေများ နှစ်စဉ်ပေါ်ပေါက်လျက်ရှိသဖြင့် နိုင်ငံတော်မှ နှစ်စဉ် ငွေကြေးမြောက်မြားစွာ အကုန်အကျခံကာ ရေကာတာ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ၊ မင်းလှမြို့နယ် ၊ စိန်ကန့်လန့်ကျေးရွာအနီး၌ မုက္ခာ ရေတံခွန် ဆင်စခန်းအား ဖွင့်လှစ် လိုက်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နဘဲကုန်းကျေးရွာအနီး စမုံမြစ်ရေ တိုက်စားမှုကြောင့် ပေါ်ထွက်လာသော အုတ်ရိုးတန်း၏ ထုထည်ပုံစံမှာ ပျူခေတ် အုတ်ချပ်အရွယ် မဟုတ်သောကြောင့် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်ဦး ကြားမှ သာသနိက အဆောက်အအုံ ပန္နက်ပုံစံဖြစ်နိုင်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ...
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ယခင် သမ္မတဟောင်း ဦးသိန်းစိန်ပါဝင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီ၏ ဗဟိုဦးဆောင်ကော်မတီကို ဒီဇင်ဘာ ၂၇ ရက်နေ့၌ ဖျက်သိမ်းလိုက်ပြီး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သော ဗဟိုအလုပ်အမှု ဆောင်ကော်မတီကို မျိုးဆက်သစ်လူငယ်များက ဆက်လက်ဦးဆောင် သွားမည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ...
ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့၌ ဇန်နဝါရီ ၁၄ ရက်မှ ၁၅ ရက် အထိ ကျင်းပ ပြုလုပ်မည့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ ပြည်တွင်း ၊ ပြည်ပ ဧည့်သည်များ လာရောက် လည်ပတ်နိုင်ကြောင်း ဟိုတယ်နှင့် ခရီး...
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး အဂ္ဂရတနာ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းရှိ မြေစာပုံ ပြိုကျမှုကြောင့်လူ ၅ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် ၌ ယနေ့ နေ့လည် တစ်နာရီ ၁၇မိနစ်တွင် အင်အားရစ်(ခ်)တာစကေး (၅.၈)အဆင့်ရှိ အင်အားအသင့်တင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရားမဝင် ကန့်သတ်ကုန်ပစ္စည်းများဖြစ်သည့် ကွမ်းစားဆေး ကျပ် ၃သန်းကျော်ဖိုး ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁ သိန်းကျော်အထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရေတံခွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ဇန်နဝါရီလ (၆)ရက် နံနက်(၉း၄၅)နာရီအချိန်တွင် တယ်လီဖုန်းအင်တာနာသံပိုက်လုံးထောင်ရာမှ ဓာတ်လိုက်မှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။