Connect with us

Social

သံမဏိ ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အစိုးရ ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် သွားရမည်

Developing Steel Industry in Myanmar ဆွေးနွေးပွဲအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

သံမဏိ ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင် သွားရမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားခဲ့သည်။

မြန်မာ့ သံမဏိ အဆင့်အတန်းကို သတ်မှတ် နိုင်ခြင်း မရှိသေးသည့်အတွက် အရည်အသွေးနိမ့် သံနှင့် သံမဏိ ထုတ်ကုန် များကို တင်သွင်း အသုံးပြုနေရကြောင်း၊ မြန်မာ့ သံမဏိ အဆင့်အတန်းကို အမြန်ဆုံး သတ်မှတ် ပြဋ္ဌာန်း နိုင်မှသာ ပြည်ပ မှ တင်သွင်းနေသော အရည်အသွေးနိမ့် သံမဏိ ထုတ်ကုန်များကို ကန့်သတ် တားဆီးနိုင်မည် ဖြစ်ကာ ပြည်တွင်း သံမဏိလုပ်ငန်းများ အနေဖြင့် လည်း သတ်မှတ်စံနှုန်းများနှင့်အညီ အရည် အသွေး ပြည့်ဝသော သံမဏိထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် ပြည်ပမှ နည်းပညာရှိသော အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက စက်မှုဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့သည့် Developing Steel Industry in Myanmar ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသော သံမဏိထုတ်ကုန်များ လိုအပ်ချက်သည်လည်း နှစ်စဉ်တိုးတက်လျက် ရှိကြောင်း ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး သံနှင့် စတီးသံပေါင်၊ ရက်မတို့ကို ပြည်ပမှ တင်သွင်း နေရခြင်းကြောင့် ကုန်သွယ်မှု လိုငွေတို့ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်နိုင်မည်ဆို ပါက သွင်းကုန်အတွက် နိုင်ငံခြားငွေကုန်ကျမှုသက်သာမည့်အပြင် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထိုဆွေးနွေးပွဲတွင် ဒေသတွင်း အာဆီယံနိုင်ငံများ၏ သံမဏိ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပုံ အဆင့်ဆင့်နှင့် လက်ရှိမြန်မာနိုင်ငံရှိ သံမဏိ စက်ရုံများ၏ ထုတ်လုပ်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံရှိ သံမဏိ စက်ရုံများ၏ အားနည်းချက်၊ အားသာချက်များနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် အစီအမံများ၊ ပြည်တွင်း၊ ပြည်ပ သံမဏိ ဈေးကွက် အခြေအနေနှင့် ရောင်းချ ဖြန့်ဖြူးမည့် အစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.