Connect with us

Social

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေး အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက် နိုင်ရန် ပြန်လည် ထူထောင်ရေး ဦးစီးဌာန အသစ် တိုးချဲ့ဖွဲ့စည်း

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၏ အမှတ်တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Social Welfare, Relief and Resettlement Myanmar)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေး အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်နိုင်ရေး အပါအဝင် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ မူဝါဒအတိုင်း ဆောင်ရွက်သွားမည့် ပြန်လည် ထူထောင်ရေး ဦးစီးဌာန အသစ်ကို တိုးချဲ့ဖွဲ့စည်းထားကြောင်း ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

ထို ပြန်လည် ထူထောင်ရေး ဦးစီးဌာန အသစ်ကို ဇန်နဝါရီ ၃၀ ရက်တွင် စတင် တိုးချဲ့ဖွဲ့စည်းထားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ယခင်က လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနဟူ၍ ဦးစီးဌာန (၂)ခုဖြင့် ဖွဲ့စည်းထားရှိရာမှ ယခုအခါ ပြန်လည်ထူထောင်ရေးဦးစီးဌာန အသစ်အား ထပ်မံ တိုးခဲျ့ ဖွင့်လှစ်၍ ဦးစီးဌာန (၃)ခုဖြင့် ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာန အသစ်သည် မသန်စွမ်းသူများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူ များ၊ လိင်ကုန်ကူးခံရသူများ၊ ရင်ခွင်မဲ့ကလေးများ၊ ကလေးစစ်သားများ၊ သက်ငယ်မုဒိမ်း ကျူးလွန် ခံရသူများ၊ အမှု ရင်ဆိုင်နေရသော ကလေးများ၊ လမ်းပေါ်ရောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီး ရွယ်အို များနှင့် ပြည့်တန်ဆာဆိုင်ရာ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ၊ သဘာဝဘေးနှင့် လူကြောင့် ဖြစ်သော ဘေး၊ ဘေးဒဏ်ခံပြည်သူများပြန်လည်ထူထောင်မှု ပေးခြင်း ဖြင့် လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူမှု အသိုက်အဝန်း ဖြစ်ပေါ်ရေး ဆိုသည့် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၏ မူဝါဒအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ယခင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန အမည်ကိုလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အဖြစ် အမည်အသစ် ပြောင်းလဲလိုက်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.