Connect with us

Politics, Law & Military

ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း ၄၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့်ဘိန်းဖြူများနှင့် အတူဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ဖားကန့်မြို့နယ်တွင် ငွေကျပ် ၄၉၁၁. ၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ၁၁း၀၀နာရီ အချိန် တပ်မတော်နှင့် မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ အုပ်စု၊ ဆပ်ပြာချောင်းကျေးရွာအထွက် ဟိုပင်-လုံးတုံ-ဝှေခါကားလမ်းတွင် ညွန့်မောင် မောင်းနှင်ပြီး မခင်နှင်းအေး လိုက်ပါလာသည့်မော်တော်ယာဉ်ရောက်ရှိလာ၍ ရှာဖွေရာ မော်တော်ယာဉ်၏နောက်ခန်း ထိုင်ခုံအောက်အံဝှက် နှင့် နောက်ကြမ်းခင်း အံဝှက်များ အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၅၁၇ ခွက် ၊ ဘိန်းဖြူ အလေးချိန် ၅.၁၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးချက်အရ ၁၉း၃၀နာရီ အချိန် ကွတ်ခိုင်မြို့နယ်နေသူ စန်းဖာ အား ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ဖားပြင်ရပ်ကွက် ရွာလယ်လမ်း တံတားထိပ်တွင် မော်တော်ယာဉ်တစ်စီး နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စန်းဖာ(၅၂)နှစ်၊ ညွန့်မောင်(၃၅)နှစ်နှင့် မခင်နှင်းအေး(၂၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.