Connect with us

Social

ကျပ်သန်း ၄၃ဝ ခန့်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ရက်သတ္တပတ်အတွင်း သိမ်းဆည်းရမိ

ဇန်န၀ါရီလ အတွင်း သိမ်းဆည်း ရမိခဲ့သည့် အကောက်ခွန်မဲ့ ပစ္စည်း အချို့ အား တွေ့ ရစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

အကောက်ခွန်မဲ့ ပစ္စည်းများကို တားဆီး စစ်ဆေး အရေးယူလျက် ရှိရာ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်အတွင်း တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ ပစ္စည်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၉ ဒသမ ၆၂၅ သန်းခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန် ဦးစီး ဌာနမှ သိရသည်။

ထိုသို့ တားဆီး ဖမ်းဆီး ရမိခဲ့ရာတွင် စုစုပေါင်း တားဆီးမှု ၁ဝ၄ မှုမှ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၉ ဒသမ ၆၂၅ သန်းခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အကောက်ခွန်ဦးစီးဌာနမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူစစ်ဆေးရေးစခန်းနှင့် အကောက်ခွန် နယ်မြေဒေသအသီးသီးတို့တွင် အကောက်ခွန်မဲ့ပစ္စည်း များကို တားဆီးစစ်ဆေးအရေးယူလျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.