Connect with us

Sport

လူငယ်မျိုးဆက်သစ် ဒိုင်လူကြီးသင်တန်း ဖွင့်လှစ်မည်

အမျိုးသမီးဒိုင်လူကြီးတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာန အနေဖြင့် လူငယ်မျိုးဆက်သစ် ဒိုင်လူကြီးသင်တန်း (1/2018)ကို ၂၀၁၈ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများ အနေဖြင့် အောက်ပါအရည်အချင်းများနှင့်

ဘောလုံးဒိုင်လူကြီး လုပ်ငန်းအား အမှန်တကယ် စိတ်ဝင်စားသူ၊ကျန်းမာကြံ့ခိုင်ပြီး ပြေးလွှားလှုပ်ရှားနိုင်သူ၊

မျက်မှန်တပ်ဆင်စရာမလိုသူများ၊ပညာအရည်အချင်းမှာ အနည်းဆုံး အခြေခံပညာ အထက်တန်းအဆင့်၊

အသက်(၃၀)နှစ်ထက်မကျော်လွန်သူများ၊ သင်တန်းတက်ရောက်အောင်မြင်ပြီးလျှင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒိုင်ကော်မတီလုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ယင်းတို့သည် တိုင်းဒေသကြီးနှင့်ပြည်နယ် ဒိုင်ကော်မတီများတွင် မှတ်ပုံတင်၍ ဒိုင်လူကြီးတာဝန်များ ထမ်းဆောင်စေပြီး အရည်အချင်းပြည့်မီသူများအား မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များတွင် တာဝန်ပေးအပ်ခြင်း၊ ပြည်ပသင်တန်းများစေလွှတ်ခြင်း၊ ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီး ဖြစ်လာစေရေးတို့အတွက် ရည်ရွယ်ထားကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာနရုံး ဖုန်း -၀၉၄၂၁၁၄၃၆၈၄၊ ၀၉၄၅၀၀၀၇၄၄၈၊ ၀၉၄၂၀၁၂၈၀၆၄၊ ၀၉၈၆၂၃၆၂၁ သို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့နောက်ဆုံးထား၍ ဆက်သွယ် စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.