ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) စမ်းချောင်းမြို့နယ်အပါအဝင် အနောက်ပိုင်းခရိုင်အတွင်းရှိ အခြားမြို့နယ် များတွင် လမ်းမပေါ်တက်၍ လုပ်ငန်းဆောင်ရွက်နေသည့် ကျူးကျော်မှုများအား ၁.၁၂.၂၁၀၆ ရက်နေ့မှ ၂၅.၈.၂၁၀၇ ရက်နေ့အထိ တရားစွဲဆိုဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း စက်တင်ဘာ ၁၇ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်သာမြစ်ရေနှင့် နေရဉ္စရာချောင်းရေမြင့်တက်မှုကြောင့် ကလေးမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၂၀ ရက် အထိ ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉ ဦးထိ ရှိခဲ့ကြောင်း လူမှု ဝန်ထမ်း ကယ်ဆယ်ရေး...
နေပြည်တော်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လူထုဗဟိုပြု စီမံကိန်း၏ လေးနှစ်တာအတွင်း ဖွံ့ဖြိုးမှု အသီးအပွင့်များကို ကျေးလက် လူဦးရေ ငါးသန်းကျော်တို့က ရရှိ ခံစားနေကြပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ယနေ့နံနက် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲချုပ်အဖြစ် ရဲမှူးချုပ်အောင်ဝင်းဦးကို ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတက အစမ်းခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ ဒုတိယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့၌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒေသစံတော်ချိန် ၂၀း၀၀ နာရီတွင် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ နေရပ်စွန့်ခွာသူများအား ကြက်ခြေနီလှုပ်ရှားမှုဖြင့် ကူညီထောက်ပံံ့ ရန် ထောက်ပံ့ရေး ပစ္စည်းများတင်ဆောင်လာသော လှေအား လူစုလူဝေးဖြင့် ဟန့်တား ရန်လိုမှုတွင် ပါဝင်သူ ၈ဦးကိုထိန်းသိမ်းထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တိုင်းရင်းသားများ၏ စိတ်ခံစားမှု၊ ဘဝပြန်လည် ထူထောင်မှုအပါအဝင် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ကျိုက်ထီးရိုးစေတီတော် တည်ရှိရာ တောင်ပေါ်သို့ မိနစ်ပိုင်းဖြင့် အလွယ်တကူ တက်ရောက်ဖူးမြော်နိုင်မည့် ကောင်းကင်ကေဘယ်လ် စီမံကိန်း တည်ဆောက်လျက်ရှိပြီး မူလက လာမည့် သီတင်းကျွတ် လပြည့်နေ့အမီ ပြေးဆွဲနိုင်မည်ဟု အသိပေးထားရာ အချိန်မီပြီးစီး ရန် အခက်အခဲရှိသဖြင့် မူလသတ်မှတ်ရက်မှ နောက်ကျမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ...
နေပြည်တော် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ရခိုင်ဒေသ အရေး နှင့် ပတ်သက်၍ ှစိန်ခေါ်မှုများစွာ ရှိသည့် အနက် အခက်ခဲဆုံးမှာ လူအများ၏ စိတ်နေစိတ်ထား ပြောင်းလဲ နိုင်ရေးမှာ အခက်ခဲဆုံး ဖြစ်မည်ဟု ထင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့စက်တင်ဘာလ ၂၀...