Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း UEHRD က အိမ်အလုံး ၆၀၀ ကျော် တည်ဆောက်

မောင်တောခရိုင်အတွင်းရှိ ကျေးရွာများပြရာ မြေပုံအားတွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေး ကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)က အိမ်အလုံး ၆၀၀ ကျော် တည်ဆောက်နေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

တောင်ပြိုလက်ဝဲနှင့် ငါးခူရကျေးရွာများ၌ နေအိမ်များ ဆောက်လုပ်ခွင့်ရရှိထားသဖြင့် လှဖိုးကောင်းကျေးရွာရှိ လူဦးရေ ၃၀,၀၀၀ခန့်အတွက် နေအိမ် ၆၂၅လုံး ဆောက်လုပ်ခွင့်ရရှိထားကြောင်း သိရသည်။

လက်ရှိတွင် တောင်ပြိုလက်ဝဲနှင့် ငါးခူရကျေးရွာ ဆောက်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်ပြိုလက်ဝဲကျေးရွာ ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်မှုမှာ ၉၀ရာခိုင်နှုန်း ပြီးစီးနေပြီး မကြာမီ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.