Connect with us

Social

ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး အထောက်အပံ့ ပေးမည်

ရခိုင်ပြည်နယ်တွင် ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး အထောက်အပံ့ ပေးခြင်း အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ- Relief and Resettlement Department - Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယနှင့် စတုတ္ထပတ်များတွင် စတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုအစီအစဉ်တွင် ကိုယ်ဝန်ဆောင် မိခင်များ အားလုံးအား တစ်လလျှင် ငွေကျပ် ၁၅,၀၀၀ နှုန်းဖြင့် ၃ လ တစ်ကြိမ် ထောက်ပံ့ သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး အထောက်အပံ့ ပေးရေး အစီအစဉ်သည် လူမှုရေး အရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးကို ဦးတည် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လူမှု ဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

လက်ရှိစာရင်းဇယားများအရ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများအပါအဝင် တိုင်းရင်းသား မျိုးနွယ်စုများ အားလုံးသည် ရခိုင်ပြည်နယ်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး (အစ္စလမ်ဘာသာဝင်)မှာ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ၊ ကိုယ်ဝန်‌ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်၏ အခြေခံမူအရ တစ်ပြည်လုံး အတိုင်းအတာဖြင့် ဆောင်ရွက်မည ်ဖြစ်၍ ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လူမှု ဝန်ထမ်း ဦးစီး ဌာန အနေဖြင့် ကလေးသူငယ်များ၏ အာဟာရအညွှန်းကိန်းများ မြင့်မား တိုးတက် လာစေရန် နှင့် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားသော အနာဂတ် မျိုးဆက်သစ် သားကောင်း ရတနာ များအား မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသား လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ပါ Maternal and Child Cash Transfer Program ကို မြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသော စစ်တမ်း အချက်အလက်များ အရ အဓိကဆောင်ရွက်ရန် လိုအပ်လျက်ရှိသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.