ရန်ကုန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာလတွင် ပြုလုပ်သွားမည် ဖြစ်ရာ ငြိမ်းချမ်းရေး နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ၏ အရေးပါမှုအား အဓိက Theme အဖြစ် ဆွေးနွေး သွားမည်...
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ကမ္ဘောဇလမ်းအတွင်း စိတ်ကစဉ့်ကလျားဖြစ်နေသော အမျိုးသားတစ်ဦးထံမှ လက်လုပ်မိုင်းဟု ယူဆရသည့် ကိရိယာများ နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Sahal Ergesousတို့တွေ့ဆုံပြီး ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ သတင်းမှားများအား ဖြန့်ဝေသည့်ကိစ္စများဆွေးနွေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက် ရှိသော မြန်မာ့ဘောလုံးလက်ရွေးစင် ယူ-၁၆ အမျိုးသားအသင်းသည် ခြေစမ်းပွဲ သုံးပွဲကို ထပ်မံ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မြောက်ခြမ်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်စဉ် အကြမ်းဖက်သမားများ ၃၈ ဦး ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် ၄၇ ဘီလီယံကျော် ထပ်တိုးသုံးစွဲရန် တင်ပြမှုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က စက်တင်ဘာ ၅ ရက်တွင် အတည်ပြုခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၏ မြို့ပတ်ရထား လမ်းအဆင့်မြှင့်တင်ဆောင်ရွက်မှု ကိုလာမည့်အောက်တိုဘာ ၁ရက်မှစတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့ပတ်ရထားလမ်းတစ် လျှောက်တွင် ခြံစည်းရိုးခတ်ကာရံမှု လုပ်ငန်းများကိုလည်းထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်...
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာရှိ လူငယ်ဇရပ်အနီး၌ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ထောင်ထားသော လက်လုပ်တိုက် မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက်(၄၅)နှစ်အရွယ် ပလောင် လူမျိုး ဦးအိုက်ရီ၏ ယာဘက် လက်ချောင်း၊...
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ် ရေတို့ သည် မြင့်တက်လျက်ရှိသည့် အတွက် ၎င်းမြစ်ကြောတလျှောက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေအား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ပျောက်ဆုံးနေသည့် တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား အဆက်အသွယ်ပြတ်တောက်ခဲ့သည့် စက်တင်ဘာ ၅ ရက်နံနက်ပိုင်းမှ ယခုအချိန်အထိ လေယာဉ်ပျံသန်းရာလမ်း ကြောင်းတစ်လျှောက်တွင် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်လည်းကောင်း၊ မြေပြင်တပ်များနှင့်လည်းကောင်း ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ကြိုး ပမ်းဆောင်ရွက်လျက်ရှိ ကြောင်း တပ်မတော် ကာကွယ်ရေး...