Connect with us

Education & Health

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်ကို ငှက်ဖျားရောဂါ ကူးစက်မှုရှိနိုင်သော နေရာများအဖြစ် သတ်မှတ်

အာရှ-ပစိဖိတ် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွန်ရက်က ပြုလုပ်သော ငှက်ဖျား ရောဂါ ရက်သတ္တပတ်လှုပ်ရှားမှု အစည်း အဝေးကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်ကို ငှက်ဖျားရောဂါ ကူးစက်မှုရှိနိုင်သော နေရာများအဖြစ် သတ်မှတ်ထားကြောင်း အာရှ-ပစိဖိတ် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွန်ရက်က ပြုလုပ်သော ငှက်ဖျား ရောဂါ ရက်သတ္တပတ်လှုပ်ရှားမှု အစည်း အဝေးတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနခွဲမှ အမျိုးသားငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာ အောင်သီ က ပြောကြားသည်။

“ဒီလို သတ်မှတ်မှသာ ငှက်ဖျား ရောဂါကူးစက်မှုကို အမြစ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်၊ ဒါပေမယ့် အဖြစ်များတာက ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။နေပြည်တော် အပါအဝင် ကျန်ဒေသများ၌ ၂ဝ၂ဝ ပြည့်နှစ်မှာပင်ဒေသ တွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု ကင်းစင်သော နေရာများအဖြစ် သတ်မှတ် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဖြစ်ပွားမှုရှိသည့် နေရာFocal Zoneအဖြစ်ထားပြီး အမြစ်ပြတ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရည်မှန်းထားသော ၂ဝ၃ဝ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ ကင်းစင် ပပျောက်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါက်တာ အောင်သီက ပြောသည်။

ငှက်ဖျားရောဂါ ရက်သတ္တပတ် လှုပ်ရှားမှုအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက်မှ ၈ ရက်အထိ ငါးရက်တာ ကျင်းပ မည်ဖြစ်ပြီး အာရှ-ပစိဖိတ် ငှက်ဖျား ရောဂါ ကင်းစင်ရေးလုပ်ငန်းစဉ်များ သတ်မှတ် ဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာ ၄ ရက်တွင် လုပ်ငန်းအဖွဲ့ အလိုက် ဆွေးနွေးမှုများကို လည်းကောင်း၊ ဒီဇင်ဘာ ၅ ရက်တွင် အာရှ-ပစိဖိတ် ငှက်ဖျားရောဂါ ကင်းစင်ရေး ကွန်ရက် နှစ်ပတ်လည်အစည်းအဝေးကို လည်း ကောင်း၊ ဒီဇင်ဘာ ၆ ရက်တွင် အဆင့်မြင့် အရာကြီးများ အစည်းအဝေးကို လည်း ကောင်း၊ ဒီဇင်ဘာ ၇ ရက်တွင် မဲခေါင် မြစ်ဝှမ်းနိုင်ငံများမှ ကျန်းမာရေး ဝန်ကြီး များ အဆင့် အစည်းအဝေးအကြို ညွှန်ကြားရေးမှူးချုပ်များ အစည်း အဝေး ကို လည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်တွင် မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများအဆင့် အစည်းအဝေးကို လည်းကောင်း ကျင်းပ မည်ဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117