Connect with us

Environment, Disasters & Accidents

ကော့ကရိတ်-မြဝတီအာရှလမ်းတွင်ယာဉ်တိုက်မှုဖြစ်ပွား လူ ၁၈ ဦးဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတွင် ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီချိန်က ကော့ကရိတ်-မြဝတီ အမြန်လမ်းမကြီး ကီလိုမီ တာ ၁၅၄ နှင့် ၁၅၅ ကြား၊ နတ်စဉ်ကွေ့အနီး ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းအရ အခင်းဖြစ်ရာနေရာ သို့ သွားရောက် စုံစမ်းစစ်ဆေးရာ၊ ရှမ်းပြည်နယ်၊ ကလောမြို့နေ ယာဉ်မောင်း ဝေလင်း(၃၇)နှစ်သည် မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ 8E/—- ၁၂ ဘီးဖြူ စိမ်းရောင်ယာဉ်ကြီးအား ကုန်အပြည့်တင်ဆောင်ပြီး မောင်းနှင်လာစဉ် အရှိန်မထိမ်းနိုင်ဖြစ်ပြီး တစ်ဖက်ယာဉ်ကြော ဘက်သို့ ရောက်ရှိသွားရာ တစ်ဖက်ယာဉ်ကြောမှ မော်လမြိုင်မြို့၊ မြိုင်သာယာ ရပ်ကွက်နေ ယာဉ်မောင်း အောင်မင်းသိန်း(၃၉)နှစ်မောင်း နှင်လာသည့် 2A/— “စွမ်းအားသစ်”ဇာတ်အဖွဲ့ကို တင်ဆောင်လာသော ၆ ဘီး ယာဉ်အား မျက်နှာချင်း ဆိုင် တိုက်မိခဲ့သဖြင့် ဇာတ်အဖွဲ့ တင်ဆောင်လာသည့် ၆ ဘီးယာဉ်ပေါ်မှ သထုံမြို့၊ နတ်စဉ် ကုန်းရပ်နေသူ ဒေါ်စန်းမော်ဦး(၄၈)နှစ် အပါအဝင် ဇာတ်အဖွဲ့သား ကျား(၁ဝ)ဦး၊ မ(၈)ဦး စုစုပေါင်း(၁၈)ဦးမှာ (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ကော့ကရိတ် လူမှုကယ်ဆယ်ရေး အသင်းမှ လူနာတင်ကားများဖြင့် ကော့ကရိတ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၁၂ ဘီးယာဉ်မောင်းဖြစ်သူ ဝေလင်း(၃၇)နှစ်မှာလည်း ဒဏ်ရာ အနည်းငယ် (မစိုးရိမ်ရ)ရရှိခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ကိုမဆင်မခြင် မောင်းနှင်သည့် ရှမ်းပြည်နယ်၊ ကလောမြို့နေ ယာဉ်မောင်း ဝေလင်း (၃၇)နှစ်အား ကော့ကရိတ်ရဲစခန်းမှ ယာဉ်(ပ) ၉ဝ/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/ ၃၃၇/၃၃၈ ဖြင့်အမှုဖွင့် အရေးယူထားကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.