ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈×၃၈ လမ်းထောင့်၊ အကွက် (၆၅၂) ရှိ 78 Shopping Mall အဆောက်အဦးအဟောင်းအား ဖြိုဖျက်စဉ် စလပ်ပြင်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် Gavi-The Vaccine Alliance အဖွဲ့အစည်း၏ ဒုတိယအမှုဆောင်အရာရှိချုပ် Mrs. Anuradha Guptaတို့တွေ့ဆုံပြီး ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး သာစည်မြို့တွင် ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ မူးယစ် ဆေးပြား တစ်သိန်းနှင့် ICE ပုံဆောင်ခဲများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ နေအိမ်များအား ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် အိမ်၂၃၀၅ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဖြစ်စဉ်များ ယခုထက် ပိုမို ပြင်းထန်လာပါက အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ယူ၍ လိုအပ်သလို ညှိနှိုင်း လုပ်ဆောင် သွားရမည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်...
ရန်ကုန် ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝိုင်းမှ ရခိုင်ပြည်နယ်အေးချမ်းတည်ငြိမ် သာယာဝပြောရေး အတွက် ကြိုးပမ်းအားထုတ်နေမှုများကို ထိခိုက်ပျက်စီးစေရန်အကြမ်းဖက်သမားများက အကွက်ကျကျဖြင့် စီစဉ်ဆောင်ရွက်နေသည်မှာ ထင်ရှားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ယနေ့ သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း နှင့် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေသို့ ရွေ့လျားဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) ပုတ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံ ရန်ကုန် နှင့် နေပြည်တော် မြို့များသို့ နိုဝင်ဘာလ ၂၇ ရက်မှ ၃၀ ရက် အထိ လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်သူ ၁၅၀၀ကျော်ကို ကယ်ဆယ်ရေးစခန်း ၁၈ခုတွင် ထားရှိထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ပြ အများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ(YUPT)၏ သတ်မှတ် စည်းကမ်း ဆိုင်ရာအားနည်းသော ခရီးသည်တင် ယာဉ်လုပ်သား ၅ဝ ဦးကိုရာသက်ပန် အလုပ်မှ ထုတ်ပယ်ထားကြောင်း YUPTဌာနထံမှ သိရသည်။