Connect with us

Politics, Law & Military

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးက ဥပဒေ ခုနစ်ခု အတည်ပြုနိုင်ခဲ့

ပြည်သူ့  လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

၁၆ ရက်တာ ကျင်းပခဲ့သည့် ပြည်သူ့ လွှတ်တော် ဆဌမပုံမှန် အစည်းအဝေးကို ယနေ့နေ့လယ်တွင် ရပ်နားခဲ့ရာ အစည်းအဝေးကာလအတွင်း ဆွေးနွေး ဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၂၃ ခုရှိအနက် ဥပဒေကြမ်း ခုနစ်ခုကို အတည်ပြုနိုင်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

“ကြယ်ပွင့်ပြ မေးခွန်း ၈၈ ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့် မပြမေးခွန်း ၂၀၈ ခု မေးမြန်းခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ် ၊ အဆို ရှစ်ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြု အဆို လေးခု မှတ်တမ်းတင်အဆို သုံးခုနဲ့ ဆက်လက်ဆွေးနွေးရန် ကျန် အဆို တစ်ခုတို့ ဖြစ်ကြပါတယ်။ ဆွေးနွေး ဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း ၂၃ ခုရှိပြီး ဥပဒေကြမ်း ခုနစ်ခုကို အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ၎င်းက ယနေ ့နေ့လယ် ပိုင်း ဆဋ္ဌမ ပုံမှန် အစည်းအဝေး အပြီး နှုတ်ဆက်စကားတွင် ထည့်ပြောခဲ့သည်။

အတည်ပြုနိုင်ခဲ့သည့် ဥပဒေကြမ်းများတွင် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တစ်ဘက် တစ်လမ်းက အထောက်အကူ ပြုနိုင်သော မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်း ပါဝင်ပြီး ထိုသို့ အတည်ပြုနိုင်ခဲ့ခြင်းသည် လွှတ်တော်၏ အခန်းကဏ္ဍအတွက် သမိုင်း မှတ်တိုင်တစ်ခုဟု ဆိုရမှာ ဖြစ်ကြောင်း ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၆ ခု ကျန်ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ယခု အစည်းအဝေး ကာလအတွင်း တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦး အပြောင်းအလဲ ရှိခဲ့ပြီး ၎င်းတို့ကို ကတိသစ္စာပြုခြင်း၊ လွှတ်တော် အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတို့တွင် တစ်ဦးစီကို အစားထိုး ဖွဲ့စည်းခြင်း၊ ပို့ဆောင်ရေး ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ၊ ပညာရေး မြှင့်တင်မှု ကော်မတီ တို့တွင် လေ့လာသူများအဖြစ် အစားထိုး တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးများကို ကိုယ်စားလှယ်များ အားလုံးက ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ကြသည့် အတွက် ယခုကဲ့သို့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကို ဥက္ကဋ္ဌ အနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းလည်း လွှတ်တော် ဥက္ကဋ္ဌက ပြောခဲ့သည်။

ထို့အပြင် ဦးဝင်းမြင့်က “ ဒီမိုကရေစီ ကူးပြောင်းရေး ကာလတွင် ဥပဒေပြုရေး မဏ္ဍိုင်ရဲ့ အခန်းကဏ္ဍ ဟာ အရေးကြီးပါတယ် ကျွန်တော်တို့ ဥပဒေပြုရေး လုပ်ငန်းစဉ်များဟာ ဒီမိုကရေစီ စံချိန် စံညွှန်း များနဲ့ အညီ ကျင့်သုံး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်၊ နိုင်ငံတော်မှာ လောကပါလ တရားများ ထွန်းကားဖို့အတွက် တရားဥပဒေတွေ အခိုင်အမာ ပြဌာန်းနိုင်ကြဖို့ လိုအပ်ပါတယ်၊ ဒီမိုကရေစီရဲ့ အသက်သွေးကြောဖြစ်တဲ့ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်များ မှန်ကန်စွာ လည်ပတ်နိုင်ဖို့နဲ့ အပြန်အလှန် ထိန်းညှိနိုင်ဖို့အတွက် ကျွန်တော်တို့ ကိုယ်စားလှယ်များ ရဲ့ စွမ်းဆောင်ရည်ရှိမှု အပေါ် မူတည်နေ ပါတယ်။ အစည်းအဝေး ရပ်နားစဉ် ကာလအတွင်းမှာလည်း ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ ပြည်သူကို ဗဟိုပြုတဲ့ ပြည်သူကို အကျိုးပြုတဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ လယ်ယာမြေနဲ့ အခြားမြေများ ပြန်လည်စိစစ်ရေး စတဲ့ လုပ်ငန်းတွေကို လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ဦးစားပေး ဆောင်ရွက်ကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်” ဟုလည်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.