Connect with us

Politics, Law & Military

JMC နှင့် ပြည်သူလူထု တွေ့ဆုံပွဲများကို JMC-S ရုံးစိုက်ရာမြို့များနှင့် အခြားမြို့များတွင် ကျင်းပမည်

JMC-U ၏ (၁၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

JMC နှင့် ပြည်သူလူထု တွေ့ဆုံပွဲများကို JMC-S ရုံးစိုက် ရာမြို့များနှင့် အခြားမြို့များတွင် JMC-S များ၏ အစည်းအဝေး ဆုံးဖြတ် ချက်ဖြင့် ကျင်းပသွားရန် ဆွေးနွေးခဲ့ကြောင်း JMC-U ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးထံမှ သိရသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးနှင့် ပဋိပက္ခ စိစစ်အတည်ပြုရေးဆိုင်ရာ ကိစ္စရပ် များကိုဆွေးနွေးပြီး ဒေသဆိုင်ရာ အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (လင်းခေး) တွင် အဖွဲ့ဝင်နှစ်ဦး တိုးချဲ့ဖွဲ့စည်းရန်၊ JMC နှင့် ပြည်သူလူထု တွေ့ဆုံပွဲများကို JMC-S ရုံးစိုက် ရာမြို့များနှင့် အခြားမြို့များတွင် JMC-S များ၏ အစည်းအဝေး ဆုံးဖြတ် ချက်ဖြင့် ကျင်းပသွားရန်၊ JMC-Uအရပ်သား ကိုယ်စားလှယ်များ ဦးဆောင်သော စိစစ်အတည်ပြုရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အလုပ် ရုံဆွေးနွေး ပွဲ များကို ခြောက်လ လျင် တစ်ကြိမ် ပြုလုပ်သွားရန် (၁၃) ကြိမ်မြောက် အစည်းအဝေးအပြီး သတင်း ထုတ်ပြန်ချက်အရ သိရသည်။

JMC-U ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက် အထိ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် (၁၂) ကြိမ်မြောက် အစည်း အဝေး ဆုံးဖြတ်ချက် များ၏ အကောင်အထည်ဖော်မှုများ အားတင်ပြခြင်း၊ JMC အဆင့်ဆင့်တွင် ပါဝင်သော အရပ်သား ကိုယ်စားလှယ်များတွေ့ ဆုံသည့် ဒုတိယအကြိမ် အစည်းအဝေး ကျင်းပခဲ့ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ လုပ်ထုံးလုပ်နည်း (SOP) များအား ဆွေးနွေး အတည်ပြုခြင်း တို့အပြင် အထွေထွေ ဆွေးနွေးမှုများအဖြစ် JMC-L (လင်းခေး) တွင် အဖွဲ့ဝင်တစ်ဦးစီတိုးမြှင့်ရေး တင်ပြခြင်း၊ ၂၀၁၈-၂၀၁၉ ဘတ်ဂျက် အတွက် ရန်ပုံငွေ ထောက်ပံ့သည့် အလှူရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ပြီး ယင်းအဖွဲ့ တစ်ဖွဲ့ချင်းစီအတွက် အားနည်းချက်၊ အားသာချက်များ တင်ပြခြင်း၊ TSC ဝန်ထမ်းများအတွက် လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲခြင်း၊ JMC- TSC ဌာနအလိုက် လုပ်ငန်းတာဝန်များနှင့် ဝန်ထမ်း တစ်ဦးချင်းစီ၏ တာဝန်ဝတ္တရာများ တင်ပြခြင်း၊ ပြည်သူလူထု တွေ့ဆုံပွဲများအား JMC ရုံးစိုက်ရာမြို့များတွင် ကျင်းပပြုလုပ် ရန် တင်ပြခြင်း၊ မိုင်းရှင်းလင်းရေး ကိစ္စရပ်တင်ပြခြင်း စသည် တို့ကို ဆွေးနွေးကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

JMC ကိုထူထောင်ပြီးနောက်ပိုင်း JMC-U နှင့် JMC-S တို့တွင် အပစ်အခတ်ရပ်စဲရေး နှင့် ပတ်သက်သည့် တိုင်ကြားချက်စုစုပေါင်း ၂၈၅ ချက်ကို လက်ခံရရှိထား ကြောင်း၊ ယင်းတို့အနက် ယနေ့အထိ ၁၈၂ ချက်ကို ဖြေရှင်း နိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်၌ တိုင်ကြားချက် ၁၂၀ ရှိသည့်အနက် ၂၉ ချက်ကို ဖြေရှင်းပြီး ဖြစ်ကြောင်း၊ ကျန်ရှိနေသည်များကို လည်းဆက်လက်ဖြေရှင်း နေဆဲဖြစ် ကြောင်း JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)၏(၁၃) ကြိမ်မြောက် အစည်းအဝေး ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရန်ကုန်ရုံး ၌ သုံးရက်ကြာ ကျင်းပခဲ့ပြီး ယင်း အစည်းအဝေးသို့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ JMC-U ဒုတိယ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး အဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အရပ်သား ကိုယ်စားလှယ် များ၊ JMC-S နှင့် JMC-L တို့မှ ကော်မတီဝင်များ၊ နည်းပညာ အထောက် အကူပြုအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.