Connect with us

Politics, Law & Military

ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသူများအား ပြန်လက်ခံရေး နီးကပ်နေပြီ ဟု ဆို

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး အဖွင့်အမှာ စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သူများအား ပြန်လည် လက်ခံရေး ဆောင်ရွက်ရန် နီးကပ်နေပြီဖြစ်ကြောင်း လူ ကယ် ပြန် ဝန်ကြီးက ယနေ့ ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ထိုးဖို့ အလွန်နီးစပ်နေပြီ၊ မကြာခင် ထွက်လာပါမယ်။ ထွက် လာပြီးတာနဲ့ ပြန်လည် လက်ခံရေးကို စတင်ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်၊ ညှိနှိုင်းတယ် ဆိုတာက အပေးအယူတွေနဲ့ ညှိနှိုင်းရတာလည်း ရှိလို့အချက်တိုင်းမှာ ရာနှုန်းပြည့်တော့ သဘောတူ တာ မရှိနိုင်ဘူးပေါ့ ရာနှုန်းမပြည့်သော်လည်း တကယ် ပြည်သူ အကျိုး ရှိမယ် မြန်မြန်လည်း ဆောင်ရွက်နိုင်မယ်ဆိုရင် …. အားလုံးက တိုက်တွန်းကြတာလည်း ရှိတယ်၊ ကျွန်တော်တို့က တကယ် ဆောင်ရွက်ချင်တာလည်း ရှိတယ်၊ ဒါကလည်း မလွဲမသွေ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ် ဆောင် ရွက် ဖို့လည်း ကျွန်တော်တို့ မှာ တာဝန်ရှိတော့ ပြန်လက်ခံဖို့က အတော် နီးကပ်နေပါပြီ” ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

မတူ ကွဲပြားမှုများအကြား ပဋိပက္ခများ၊ ပြသနာ ဖြစ်ရခြင်းများ ပပျောက်ရေး ရည်ရွယ်ချက် ဖြင့် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ယနေ့နံနက် ပြုလုပ်သည့် Diversity Management in the Age of Globalization Symposium ဖွင့်ပွဲ အခမ်းအနား အပြီး ၎င်းက မီဒီယာများသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာအောင်ထွန်းသက် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

Diversity Management in the Age of Globalization Symposium သို့ တက်ရောက်လာသူအချို့အားတွေ့ရစဉ် (ဆင်ဟွာ)

Diversity Management in the Age of Globalization Symposium သို့ တက်ရောက်လာသူများ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

“ဘယ်လိုနည်းနဲ့ပဲ ထွက်သွား ထွက်သွား … … ဒီမှာနေတဲ့ သူတွေကို ပြန်ပြီးတော့ လက်ခံရမှာ ကျွန်တော်တို့ရဲ့ တာဝန်ပဲ ဘယ်လိုနည်းနဲ့ပဲ ရွှေ ့ပြောင်း ရွှေ့ပြောင်း… … ရွှေ ့ပြောင်း တဲ့ သူတွေကို နေရာတကျ ပြန်လည် ထူထောင်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပဲ။ သူတို့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က ဘာကြောင့်ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ လူသား ချင်း စာနာ အကူအညီပေးဖို့က ကျွန်တော်တို့ အစိုးရရဲ့ တာဝန်ပဲ” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ပြန်လည် လက်ခံရာတွင် မိမိနေရာမှာ မိမိ တကယ်နေခဲ့သူ အစစ်အမှန်များ၊ ဘိုးစဉ်ဘောင်ဆက် နေခဲ့သူများအား ပြန်လည်လက်ခံဖို့ အဆင်သင့် ဖြစ်နေကြောင်း၊ ပြန်လည် လက်ခံမည့် စခန်းများ ကိုလည်း ပြုပြင်လျက်ရှီပြီး အသစ် တည်ဆောက်မှုများလည်း လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း စနစ်တကျ စီမံထားပြီး တစ်ပြိုင်နက်တည်းမှာပင် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ စီးပွားရေးနှင့် ပတ်သက်သည့် ကော်မတီ ကိုးခု ဖွဲ ့စည်းပြီး ဆောင်ရွက်လျက် ရှိသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဦးတည်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်ထိ ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ သံအမတ်ကြီးများ၊ စစ်ဘက် နယ်ဘက်မှ အရာရှိကြီးများ၊ ပြည်တွင်း ပြည်ပမှ ပညာရှင်များ၊ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ CSO များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး အဖွင့် စကား ပြောအပြီးတွင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က Diversity Management အကြောင်း ရှင်းလင်း ပြေကြားခဲ့ကာ ဆွေးနွေးပွဲများကို ဆက်လက် ကျင်းပခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.