Connect with us

Environment, Disasters & Accidents

၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ခုနှစ် ဇန်နဝါရီလအထိ လာနီညာဖြစ်ရန် အမြင့်ဆုံး ၇၅ ရာခိုင်နှုန်း အထိ ရှိလာနိုင်ကြောင်းမိုးဇလထုတ်ပြန်

မိုးလေဝသ ခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

လာနီညာ ဖြစ်ပေါ်မှုခန့်မှန်းသည့် သင်္ချာပုံစံမော်ဒယ်များအရ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ခုနှစ် ဇန်နဝါရီလအထိ လာနီညာဖြစ်ရန် အမြင့်ဆုံး ၇၅ ရာခိုင်နှုန်း အထိ ရှိလာနိုင်ပြီး၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လခန့်တွင် ၆၀ရာခိုင်နှုန်း သို့ ပြန်လည်လျော့ကျနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုး သက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလ အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီ ကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊၊ အချိန် အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း၊ လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးပို့သွားမည် ဖြစ်ကြောင်း မိုးဇလမှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.