Connect with us

Politics, Law & Military

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နတ်မြစ် မြောက်ဘက်ကုန်းပိုင်း နယ်နိမိတ်စာချုပ် (၁၉၉၈) အတည်ပြု စာချွန်လွှာ လဲလှယ်

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နတ်မြစ် မြောက်ဘက်ကုန်းပိုင်း နယ်နိမိတ်စာချုပ် (၁၉၉၈) အတည်ပြု စာချွန်လွှာလဲလှယ်နေစဉ်(ဓာတ်ပုံ- MOAF)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နတ်မြစ် မြောက်ဘက်ကုန်းပိုင်း နယ်နိမိတ်စာချုပ် (၁၉၉၈) အတည်ပြု စာချွန်လွှာကို ယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည် ၂နာရီတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Aliတို့ လဲလှယ်ခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နတ်မြစ် နယ်နိမိတ်ဖြည့်စွက်အခြေပြစာချုပ်(၂၀ဝ၇)ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Mr. Md. ShahidulHaque တို့ နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်တင့်ဆွေ၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali ခေါင်းဆောင်သော ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.