Connect with us

Politics, Law & Military

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဝန်ကြီးများ အဆင့် အစည်းအဝေး ကျင်းပ

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန် မာမွတ်အလီ ခေါင်းဆောင်သော ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံ ဝန်ကြီးများ အဆင့်အစည်းအဝေးကျင်းပခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖွဲ့သည် မြန်မာနိုင်ငံတော်သို့ အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတက်ရောက်ရန် နိုဝင်ဘာ ၂၂ရက်နေ့က တရားဝင်ခရီးအဖြစ် ရောက်ရှိလျက်ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးတို့ ဦးဆောင် ဆွေးနွေးသော နှစ်နိုင်ငံဝန်ကြီးများအဆင့် အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အတွင်းဝန် မစ္စတာ ရှာဟီဒူဟတ် ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့တို့အကြား နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.