ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာရှိ လူငယ်ဇရပ်အနီး၌ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ထောင်ထားသော လက်လုပ်တိုက် မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက်(၄၅)နှစ်အရွယ် ပလောင် လူမျိုး ဦးအိုက်ရီ၏ ယာဘက် လက်ချောင်း၊...
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ် ရေတို့ သည် မြင့်တက်လျက်ရှိသည့် အတွက် ၎င်းမြစ်ကြောတလျှောက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေအား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ပျောက်ဆုံးနေသည့် တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား အဆက်အသွယ်ပြတ်တောက်ခဲ့သည့် စက်တင်ဘာ ၅ ရက်နံနက်ပိုင်းမှ ယခုအချိန်အထိ လေယာဉ်ပျံသန်းရာလမ်း ကြောင်းတစ်လျှောက်တွင် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်လည်းကောင်း၊ မြေပြင်တပ်များနှင့်လည်းကောင်း ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ကြိုး ပမ်းဆောင်ရွက်လျက်ရှိ ကြောင်း တပ်မတော် ကာကွယ်ရေး...
နေပြည်တော်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ပြီး နယ်မြေ တည်ငြိမ် အေးချမ်းရေး အပါအဝင် အစိုးရအဖွဲ့က ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ယနေ့နေ့လယ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ရှင်းလင်း ပြောကြားခဲ့ သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်သို့ ကျော်လွန်ပျံသန်းခဲ့မှုမရှိခဲ့ကြောင်း အများပြည်သူ ထင်မြင်လွဲမှားမှု မရှိစေရေး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ပြည်သူများအကြား စိုးရိမ်ပူပန်မှုများမဖြစ်စေရန်နိုင်ငံတော်ရှိ ထိပ်ပိုင်းပုဂ္ဂိုလ်များက လုံခြုံရေးအခြေအနေများကို အားလုံးဝိုင်းဝန်းပြီးညှိနှိုင်းဆောင်ရွက်နေကြကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ARSA အစွန်းရောက် အကြမ်းဖက်သမားများက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များအပါအဝင် အခြားမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက်နေသော သတင်းများအရ နိုင်ငံတစ်ဝန်း လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံရုံးက သတိပေးညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဒဏ်ရာရရှိထားသော ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် တစ်ဖက်နိုင်ငံရှိ စစ်တကောင်း ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများ၏ စုစုပေါင်းအရေအတွက်မှာ ၃၈၂၂ ခု ဖြစ်ကြောင်း ၊အဆိုပါ စာရင်းသည် ရှေးဟောင်း သုတေသန၊အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဗိသုကာအသင်းတို့က ကောက်ယူထားသော ဘုရားအရေ အတွက်ပြစာရင်းဖြစ်ကြောင်း မြန်မာနိုင်ငံဗိသုကာအသင်း၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောဒေသတွင် နေထိုင်သူများသည် အကြမ်းဖက်မှုလုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ၍ နယ်စပ် ဧရိယာ အပါအဝင် လုံခြုံရာ နေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိရာ စက်တင်ဘာ ၄ ရက် အထိ နေရပ် စွန့်ခွာ တိမ်းရှောင် ရသူ တိုင်းရင်းသား ၂၆၇၄၇...