Connect with us

Science & Technology

မြန်မာနိုင်ငံ၏ ပထမဆုံး မြစ်ကြောင်းအတွင်း ခရီးသည်ပို့ဆောင်ရေး (Yangon Water Bus) ကို သြဂုတ်လ ၇ ရက်နေ့တွင် စတင်ပြေးဆွဲမည်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ၏ မြစ်ကြောင်းတစ်လျှောက် ခရီးသည်ပို့ဆောင်မှုကို မြန်မာနိုင်ငံ၏ ပထမဆုံး မြစ်ကြောင်းအတွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း (Yangon Water Bus) ကအောက်တိုဘာလ ၇ ရက်နေ့တွင် အခမဲ့ စတင်ပြေးဆွဲမည်ဖြစ်ကာအောက်တိုဘာလ ၈ ရက် နေ့ တွင်ခရီးစဉ်တစ်ဖြတ်လျှင် ကျပ်၃၀၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယနေ့ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် ပြုလုပ်သည့် Yangon Water Bus ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မှ ပြောကြားသည်။

ဦးဖြိုးမင်းသိန်းက “၇ ရက်နေ့ မှာ အခမဲ့ပြေးဆွဲမှာဖြစ်ပြီး နောက်ရက် တွေမှာတော့ လူတစ်ဦးကို ၃၀၀ကျပ် နဲ့ပြေးဆွဲသွားမှာပါ။’’ ဟုပြောကြားခဲ့သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် အဆိုပါ Water Bus စီမံကိန်း နှင့် ပတ်သက်၍ တင်ဒါခေါ်ယူခဲ့ကြောင်း၊ တင်ဒါအောင်မြင်သည့် တင့်တင့်မြန်မာကုမ္ပဏီလီမီတက်အား အားပေးကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ရန်ကုန်တွင် ဘတ်စ်ကားများ ယာဉ်ကြောပိတ်ဆို့မှု ကို ခံစားနေရကြောင်း၊ ထို့ကြောင့် ရေကြောင်းလိုင်းမှ သွားပါက ယာဉ်ကြောကျပ်တည်းမှု ကို တစုံတရာ ပြေလျော့သွားနိုင်စရာရှိကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။

Tint Tint Myanmar Group of Co.Ltd မှ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်မှ အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

Yangon Water Bus ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ် (ဆင်ဟွာ)

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ Yangon Water Bus အားစီးနင်းရန် ရေယာဉ်ပေါ်သို့တက်စဉ် (ဆင်ဟွာ)

ပြေးဆွဲမည့်ရေယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

Tint Tint Myanmar Group of Co.Ltd မှ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က “သဘောၤရပ်နားမည့် မှတ်တိုင် ၇မှတ်တိုင် ရှိပါတယ်။ မှတ်တိုင်တွေရဲ့ဆိပ်ခံတံတားတွေမှာ မြေပုံကားချက်များလုပ်ပေးထားပါတယ်။ မှတ်တိုင်များရဲ့ နာမည် နဲ့ ဆိုက်ရောက်မယ့် အချိန်များကို အကြမ်းအားဖြင့် ကြေညာထားပါတယ်။ သဘောၤဘယ်အချိန်ဆိုက်မယ် ဆိုတာ ကို ခရီးသွားပြည်သူ့များကြည့်ရှုနိုင်မယ့် အက်ပလီကေးရှင်း (Application) ကို အသုံးပြုထားပါတယ်။ သဘောၤဆိုက်ရောက်မယ့် အချိန်သာမကသဘောၤဘယ်နေရာ ရောက်နေတယ်ဆိုတာကိုပါကြည့်ရှုနိုင်မယ့် အက်ပလီကေးရှင်းကို အသုံးပြုထားပါတယ်” ဟုပြောသည်။

ဗိုလ်တစ်ထောင်ဆိပ်ကမ်းကို အဓိက ဆိပ်ကမ်းထားပြီး အင်းစိန်အောင်ဇေယျတံတားအောက်အထိ နေ့စဉ်နေ့တိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ မှတ်တိုင် ၇ ခုမှာ အင်းစိန်၊နန်းသီတာ၊လမ်းသစ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ပန်းလှိုင်၊ ဗိုလ်တစ်ထောင်တို့ဖြစ်ကြသည်။

ဗိုလ်တစ်ထောင် သို့ ဂိတ်တိုင်းရပ်ဝန်ဆောင်မှု မှာ အင်းစိန် မှ နံနက် ၆း၅၅ နာရီ တွင် စတင်ထွက်ခွါမည်ဖြစ်ပြီး၊ ဗိုလ်တစ်ထောင်သို့ နံနက်၉း၀၅ နာရီ တွင် ရောက်ရှိမည်ဖြစ်သည်။ အင်းစိန်သို့ ဂိတ်တိုင်းရပ်ဝန်ဆောင်မှုတွင် ဗိုလ်တစ်ထောင်မှ နံနက်ရး၁၀နာရီ တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး အင်းစိန်သို့ နံနက် ၉း၂၀ နာရီ တွင်ရောက်ရှိမည် ဖြစ်သည်။

သဘောၤပေါ်တွင် မနက်စာ နှင့် နေ့လည် စာ စားနိုင်ရန် ကျပ် ၄၀၀ တန်ထမင်းဘူး၊ တစ်ခွက် ၁၅၀ တန် ကော်ဖီ၊ လက်ဖက်ရည် များလည်း ဝယ်ယူစားသုံးနိုင်ရန်စီစဉ်ထားကြောင်း၊ ခရီးစဉ်များ ထပ်မံတိုးချဲ့ရန်ရှိကြောင်း၊ ယခုပြေးဆွဲမှုသည် ပထမအဆင့် ဖြစ်ပြီး မြောက်ဒဂုန်-ညောင်တန်းမြစ်ကို ဆိပ်ခံတံတားများ ဆောက်လုပ်ရန်ပြုလုပ်စီစဉ်သွားမည်ဖြစ်ကာ Star City သန်လျင်ဘက်ကို စီမံကိန်း တတိယ အဆင့် အနေ နှင့် တိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းစီမံကိန်းကိုဆောင်ရွက်ရန် Tint Tint Myanmar Group of Co.Ltd အနေဖြင့် ကမ္ဘောဇဘဏ်မှ စီမံကိန်းချေးငွေ အနေနှင့် ကျပ်ငွေ ၃၇ ဘီလီယံကို ချေးယူဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

သဘောၤစီးရန်အတွက် ကတ်စနစ်ကို ပြုလုပ်ထားကြောင်း၊ အဝတွင် AnyPay ကတ်များ အသုံးပြုထားကြောင်း၊ ထိုကတ်အား Top up (ငွေဖြည့်) ရမည့် စက်ထဲတွင် ကျပ်၅၀၀၊ ၁၀၀၀ စသဖြင့် ထည့်ပါက ထိုကတ်ထွက်လာမည်ဖြစ်ကြောင်း၊ တစ်ခါ ကတ်ထွက် လာပြီးပါက ထိုကတ်အား အမြဲကိုင်ထားနိုင်ကြောင်း၊ မိမိလိုအပ်သည့်အချိန်မှ စက်တွင် Top up လုပ်ရန်လိုအပ်ကြောင်း၊ စက်အနီးတွင် ဝန်ထမ်းများ ကူညီရန်ထားပေးထားမည်ဖြစ်ကြောင်း၊ နောက်ဆုံးပြေးဆွဲမည့်ရေယာဉ်သည် ည ၉ နာရီ တွင် အင်းစိန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်ကဆိုသည်။

သဘောၤထွက်ရှိမည့် အချိန် နှင့် ဆိုက်ရောက်ချိနအချိန်ဇယား များ ကိုဆိပ်ကမ်းများတွင်ကပ်ထားဖြစ်ကြောင်း သိရသည်။ လုံခြုံရေးပိုင်းအတွက် GPS နှင့် စောင့်ကြည့်သည့် စနစ်၊ CCTV စနစ်များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

သဘောၤများကို ပြည်ပ နိုင်ငံများမှ မှာယူထားသလို ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် ပြည်တွင်းတွင်လည်း ဆောက်လုပ်ထားကြောင်း၊ သဘောၤ အမျိုးအစားအလိုက် Yangon Water Bus တွင် သဘောၤအကြီး ၌် လူ ဦးရေ ၁၀၀ ကျော်မှ ၂၀၀ ကျော်အထိ လိုက်ပါ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.