Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော်မြတ်သို့ ကိုးလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် လေးသိန်းကျော် ဝင်ရောက်

ရွှေတိဂုံစေတီမြတ်သို့ နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်ဖူးမြော်စဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ရွှေတိဂုံစေတီတော်မြတ်သို့ ယခုနှစ် ကိုးလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် လေးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ဘုရားသို့ ထိုင်း၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊အမေရိကန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့မှ ခရီးသွားဧည့်သည် အများဆုံးဝင်ရောက်မှု ရှိခဲ့ကြောင်း သိရသည်။ရွှေတိဂုံစေတီတော်သို့ လူဦးရေကိုးသောင်းသုံးထောင်ကျော်ဖြင့် ထိုင်းနိုင်ငံမှ ဧည့်သည်အများဆုံး ဝင် ရောက်ခဲ့ပြီး ဒုတိယအများဆုံးအဖြစ် တရုတ်နိုင်ငံမှ လူဦးရေ သုံးသောင်းခုနစ်ထောင်ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် လေးသိန်းတစ်သောင်းကျော်သာ ဝင်ရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားခရီးသွားဧည့်သည် လေးသိန်း လေးသောင်းငါးထောင်ကျော် ဝင်ရောက်ခဲ့ရာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ပိုမိုတိုးတက်လာကြောင်း သိရသည်။ (Xinhua)