Connect with us

Politics, Law & Military

နေရပ် စွန့်ခွာ တိမ်းရှောင် နေသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများ နယ်မြေ တည်ငြိမ် အေးချမ်း၍ နေရပ်သို့ ပြန်လည် ပြောင်းရွှေ့

နေရပ်သို့ ပြန်လည် ပြောင်းရွှေ့ လာသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား တွေ့ ရစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ် များကြောင့် ကျောက်တော် မြို့နယ် အတွင်းရှိ ကျေးရွာများသို့ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိလာသည့်အတွက် ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

ဘူးသီးတောင်မြို့နယ် ၊ အောင်ဗလကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူ ၂၇ ဦး၊ ကံသာယာ ကျေးရွာမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၂၇ ဦး၊ ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၃၄ ဦးနှင့် ပြင်ရှည်ကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူ ၃၉ ဦး တို့ကို အောက်တိုဘာ ၇ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အနီးကပ်လမ်းကြောင်းလုံခြုံရေးလိုက်ပါလျက် တပ်မတော်မော်တော်ယာဉ် ခြောက်စီးဖြင့် ၎င်းတို့၏မူလနေရပ်များသို့ပြန်လည်ကူညီပြောင်းရွှေ့ပေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ ထပ်မံ ပြောင်းရွှေ့ကြမည့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း ၎င်းတို့၏နေရပ်အသီးသီးသို့ ပြန်လည်ပြောင်းရွှေ့နိုင်ရေး ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအနက် ကျောက် တော်မြို့နယ်၊ ရွှေပြည်ကျေးရွာ၊ အုန်းပတီးကျေးရွာ၊ စပါးဆိပ်(သရီ)ကျေးရွာ၊ အလယ်ကျွန်းကျေးရွာတို့တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏တရား ဥပဒေ စိုးမိုးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်မှုကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိလာသည့်အတွက် ၎င်းတို့၏ မူလနေရပ်သို့ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိကြောင်း သိရသည်။(Xinhua)