ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး...
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန် လာသောကြောင့် ဇူလိုင် ၁၈ ရက်နေ့မှစ၍ ရေကြီးနစ်မြုပ်လျက် ရှိသောကျောင်းများ ယာယီပိတ်ထားကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံရှိ National Football Center (အမျိုးသားဘောလုံးစင်တာ) တွင် သွားရောက် လေ့ကျင့်လျက်ရှိရာ လေ့ကျင့်မှုများ ပြုလုပ်သည့် ကာလအတွင်း ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချသော သကြားလုံး၊ချိုချဉ်နှင့်ဝေဖာ ၁၁ မျိုးတွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ ဇလိုင် ၁၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက် (၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားကောင်းလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် လုံခြုံရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးကြီး ဖုန်းတင့် ကို ခန့်အပ် တာဝန် ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ်၊...
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ပြည်ထဲရေးဝန်ကြီးဌာန ယခင် ဒုတိယအမြဲတမ်းအတွင်းဝန်လက်ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေအုပ်ချုပ်ရေး အတွင်းရေးမှူးနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းသုံးဦးအပါအဝင် စုစုပေါင်း လူ၆ဦးအား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီလီတို့သည် ကရင်ပြည်နယ် နယ်မြေဒေသ လုံခြုံရေးအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ယနေ့ ဇူလိုင် ၁၇ ရက်နေ့ နံနက် ၃ နာရီ ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက် ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ သစ်ပင်ကြီးများပြိုလဲကာ လူနေအိမ် တစ်ချို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော...