Connect with us

Politics, Law & Military

နေရပ်စွန့်ခွာတိမ်းရှောင်သူ ၁၇၀ကျော် မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့

နေရပ်စွန့်ခွာတိမ်းရှောင်သူအချို့ မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့စဉ် (ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာတိမ်းရှောင်သူ ၁၇၀ကျော်သည် မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ် များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဘူးသီးတောင်မြို့နယ် စိတ္တရကျေးရွာမှ ၆၅ ဦးနှင့် ပီရွက်ကျေးရွာမှ ၁၀၉ ဦးတို့သည် စက်တင်ဘာ ၁၇ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏ မူလနေရပ်များသို့ ပြန်လည် ပြောင်းရွှေ့ရာတွင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများသည် နယ်မြေတည်ငြိမ် အေးချမ်းမှု ရှိလာသည့်အတွက် တစ်ချို့သည် ၎င်းတို့၏မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့လျက် ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.