Connect with us

Social

တီးတိန်-ရိဒ်ခေါဒါရ် နှင့် ဖလမ်း-ရိဒ်ခေါဒါရ် လမ်းပိုင်း၌ ကုန်တင်ကားများ ဖြတ်သန်း သွားလာခွင့် ခေတ္တ ပိတ်ထားမည်

တီးတိန်-ရိဒ်ခေါဒါရ် နှင့် ဖလမ်း-ရိဒ်ခေါဒါရ် လမ်းပိုင်း အခြေအနေ တစ်ချို့ အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ချင်းပြည်နယ်ကို ဖြတ်၍ အိန္ဒိယနိုင်ငံသို့ ကူးသန်း သွားလာရာတွင် အဓိက ကုန်းလမ်းကြောင်း ဖြစ်သည့် တီးတိန်-ရိဒ်ခေါဒါရ် နှင့် ဖလမ်း-ရိဒ်ခေါဒါရ်လမ်း နှစ်ခု၏ လမ်းပိုင်းအချို့ပျက်စီးမှုအား အကြီးစား ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်မည် ဖြစ်သဖြင့် ကုန်တင်ကားများ ဖြတ်သန်း သွားလာခွင့်ကို ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုလမ်းကြောင်းနှစ်ခုသည် ယခုနှစ်မိုးရာသီကာလအတွင်း မိုးရွာသွန်းမှုများပြားခြင်းကြောင့် လမ်းပိုင်း တစ်ချို့ ဆိုးရွားစွာ ပျက်စီးလျက် ရှိသဖြင့် ချင်းပြည်နယ် လမ်းဦးစီးဌာန၏ စီစဉ်မှု ဖြင့် အများပြည်သူနှင့် ခရီးသွားကုန်သည် များ စိတ်အေးချမ်းပြီး အဆင်ပြေချောမွေ့ စွာ သွားလာနိုင်ရေးအတွက် စက်တင်ဘာ ၁၈ ရက်မှစတင်၍ အကြီးစားလမ်းပြုပြင် ခြင်းလုပ်ငန်းကို ၁၅ ရက်ကြာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လမ်းပြုပြင်စဉ် ကာလ အတွင်း ကုန်တင်ကားများ (ဟိုင်မွာလ် ဂျစ်ကားအပါအဝင်) အား ဖြတ်သန်း သွားလာခွင့် ပြုမည် မဟုတ်ကြောင်းနှင့် လူစီး ယာဉ်ငယ်များကိုမူ လမ်းသွားလာမှု အဆင်ပြေချောမွေ့စေရန် အစွမ်းကုန် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းဦးစီးဌာနမှ မိဘပြည်သူများသို့ အသိပေးထားကြောင်း သိရသည်။

ရိဒ်ခေါဒါရ်မြို့သည် တီးတိန်မြို့မှ ၃၂ မိုင်ခန့် ဖလမ်းမြို့မှ ၆၄ မိုင်ခန့်အကွာရှိ နယ်စပ်ကုန်သွယ်ရေး စခန်းရှိသည့် နယ်စပ်မြို့တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)