Connect with us

Politics, Law & Military

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာ ဓာတ်ပုံသတင်းထောက်နှစ်ဦးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးရန် ညွှန်ကြားထားဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာသတင်းထောက်နှစ်ဦးအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာ ဓာတ်ပုံသတင်းထောက်နှစ်ဦးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးရန် မြန်မာသံရုံး၊ ဒါကာမြို့သို့ ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ဂျာမနီနိုင်ငံ၊ ဟမ်းဘာခ့်အခြေစိုက် GEO မဂ္ဂဇင်းအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားတွင် သတင်းရယူနေစဉ် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုမင်းဇေယျာဦးနှင့် ကိုခွန်လတ်တို့နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ တရားဝင်စာပေးပို့လျက် ကောင်စစ်ရေးရာ တွေ့ဆုံမှုပြုလုပ်ခွင့်ရရှိရန်နှင့် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးနိုင်ရန် တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒါကာမြို့ရှိ မြန်မာသံရုံးသို့လည်း မြန်မာသတင်းထောက်နှစ်ဦးအတွက် ကောင်စစ်ရေးရာ တွေဆုံခွင့် အမြန်ဆုံးရရှိရန်နှင့် သွားရောက်တွေ့ဆုံမှု အမြန်ဆုံးပြုလုပ်လျက် လိုအပ်သည့် အကူအညီများ ပေးနိုင်ရေးအတွက် ညွှန်ကြားထားကြောင်း သိရသည်။မြန်မာသံရုံးအနေဖြင့် အဆိုပါသတင်းထောက်နှစ်ဦးအား ကောင်စစ်ရေးရာတွေ့ဆုံမှု ပြုလုပ်နိုင်မှုအခြေအနေနှင့် ထူးခြားမှုများကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.