Connect with us

Politics, Law & Military

ဈေးကွက် အတွင်း အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက် ၊ စီးကရက် ၊ ဝိုင် အမျိုးမျိုး ၊ တရားမဝင် တင်သွင်းသည့် ဘီယာ အမျိုးမျိုးတို့အား ရှောင်တခင် ဝင်ရောက် စစ်ဆေးမည်

ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-The Mirror)

ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

အခွန်တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက် ၊ စီးကရက် ၊ ဝိုင် အမျိုးမျိုး ၊ တရားမဝင် တင်သွင်း ထားသော ပြည်ပ နိုင်ငံထုတ် ဘီယာ အမျိုးမျိုးတို့အား ရှာဖွေ ဖော်ထုတ် သိမ်းဆည်းရန် ဈေးကွက် အတွင်း ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်းအား အထူး ကုန်စည်ခွန် ဥပဒေတွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များ နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

သတ်မှတ်ထားသည့် အခွန် အမှတ် တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော အရက် ၊ စီးကရက် ၊ ဝိုင် အမျိုးမျိုး နှင့် တရားမဝင် တင်သွင်း ထားသော ဘီယာ အမျိုးမျိုး တို့ကို ဝယ်ယူ ရောင်းချကြောင်း စိစစ် တွေ့ရှိပါက တွေ့ရှိသည့် အဆိုပါ အထူး ကုန်စည်များကို အထူးကုန်စည်ခွန် ဥပဒေ နှင့် အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ခံရမည့် အပြင် ဒဏ်ငွေကိုလည်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သတ်မှတ် အခွန် အမှတ်တံဆိပ် ကပ်နှိပ် ထားခြင်း မရှိသော အရက် ၊ စီးကရက် ၊ ဝိုင်အမျိုးမျိုး နှင့် တရားမဝင် တင်သွင်း ထားသည့် ဘီယာ အမျိုးမျိုးတို့အား ဝယ်ယူ ရောင်းချခြင်း မပြုလုပ်ကြရန် ကြိုတင် အသိပေး ကြေညာခဲ့သည်။

အထူး ကုန်စည်များ ဖြစ်သည့် အရက် ၊ စီးကရက် ၊ ဝိုင် အမျိုးမျိုး တို့အား သတ်မှတ် ထားသော အခွန် အမှတ်တံဆိပ် ကပ်နှိပ်ပြီးမှ ရောင်းချရန် သတ်မှတ် ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.