Connect with us

Social

ပယ်နယ်တီအဆုံးအဖြတ်ဖြင့် မြန်မာအသင်း ဗိုလ်လုပွဲနှင့် လွဲချော်ပြီး တတိယနေရာအတွက် ဆက်လက်ယှဉ်ပြိုင်ရမည်

၁၄ကြိမ်မြောက် အာဆီယံ ယူ-၁၈ ဘောလုံး ပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဖြစ် မြန်မာနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၁၄ကြိမ်မြောက် အာဆီယံ ယူ-၁၈ ဘောလုံး ပြိုင်ပွဲတွင် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် မြန်မာအသင်း ဗိုလ်လုပွဲနှင့် လွဲချော်ပြီး တတိယနေရာအတွက် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ညပိုင်း မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရာ ပုံမှန်ပွဲကစားချိန် မိနစ်(၉၀)အတွင်း ဂိုးမရှိသရေကျခဲ့ခြင်းကြောင့် ပယ်နယ်တီကန်သွင်းကြရာ၌ မြန်မာအသင်းက မလေးရှားအသင်းကို ငါးဂိုးလေးဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဆက်လက်ပြီး ဗိုလ်လုပွဲ တွင်မလေးရှားနှင့် ထိုင်း အသင်းတို့ တွေ့ဆုံမည်ဖြစ်ပြီး တတိယနေရာလုပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ စက်တင်ဘာ ၁၇ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် ယှဉ်ပြိုင်သော ထိုင်းအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့၏ ပထမအကြိုဗိုလ်လုပွဲ ပွဲစဉ်မှာလည်း ပုံမှန်ပွဲကစားချိန်မိနစ်(၉၀)အထိဂိုးမရှိသရေရလဒ်ထွက်ပေါ်နေပြီး ပယ်နယ်တီ ကန်သွင်းရာ ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို သုံးဂိုးနှစ်ဂိုးရလဒ်ဖြင့်အနိုင်ရရှိပြီး ဗိုလ်လုပွဲကိုတက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.