ရန်ကုန် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူငယ်များ အနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ အချင်းချင်းမျှေ၀ ပေးနိုင်ရန် လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို ရည်ရွယ် ကျင်းပ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) နိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး လျင်မြန်စွာ အကောင်အထည်ဖော် နိုင်ရန် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ဇူလိုင် ၃ ရက်တွင် နေပြည်တော်ရှိ...
နေပြည်တော်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) လယ်ယာမြေ တရားဝင် ဝယ်ယူပြီးသော်လည်း ဝယ်သူ အမည်ပေါက် ပုံစံ(၇) မရသေးသဖြင့် စိုက်ပျိုးစရိတ်ချေးငွေ မရရှိခြင်း၊ အချိန်မီ စိုက်ပျိုးခွင့် မရခြင်း တို့ ကြုံတွေ့နေရသော လယ်သမား များအတွက် ပုံစံ (၇) အမြန်ရရှိစေရန် ဝန်ကြီးဌာနက ထိထိရောက်ရောက်...
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ပျက်ကျ Y-8လေယာဉ်ရှာဖွေရေးလုပ်ငန်းကို ရာသီဥတု အခြေအနေပေးသည်နှင့်အမျှ ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA )ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် NCA စာချုပ် အကောင်အထည်ဖော် မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း UNFCအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U )၏ (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်များ အခြေများကိုလည်းဆွေးနွေး မည်ဖြစ်ကြောင်း ယင်းအစည်းအဝေးထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တိုင်းရင်းဆေးသုတေသနများ ပြုလုပ်မည်ဆိုပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရန်ပုံငွေများ ပံ့ပိုးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယခု ၂ဝ၁၇ ခုနှစ် ပထမ ခြောက်လ အတွင်း ယာဉ်မတော်တဆမှု ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ပျက်ကျခဲ့သည့် Y-8 လေယာဉ် ကိုယ်ထည် အလူမီနီယံ အစိတ်အပိုင်းများနှင့် မြေပုံများပါဝင်သော စာရွက် စာတမ်းထုပ် ၁ ထုပ်အား ဇူလိုင် ၂ ရက် ညနေပိုင်းတွင် ထပ်မံ ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည်။