Connect with us

Sport

အာဆီယံ ယူ-၁၈ ဆီမီးဖိုင်နယ်ဘောလုံး ပွဲစဉ်များ ယနေ့ကျင်းပမည်

မြန်မာအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၁၄ကြိမ်မြောက် အာဆီယံ ယူ-၁၈ ဘောလုံး ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ သုဝဏ္ဏ အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းသည် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ပွဲအပြီးတွင် အပြန်ကားများစီစဉ်ပေးထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ညနေ(၆း၀၀)နာရီတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာယူ ၁၈ အသင်း ၏ အာဆီယံယူ၁၈ ဆီမီးဖိုင်နယ်ပွဲစဉ်အား လာရောက်အားပေးမည့် မြန်မာအသင်းပရိသတ်များအတွက် AYA Bank မှ အပြန်ကားများ စီစဉ်ထားရှိမည်ဖြစ်ကြောင်း၊YTCမှမြောက်ဥက္ကလာအဝိုင်းသို့(၄)စီး၊အောင်ဆန်းကွင်း(၄)စီး၊တောင်မြောက်လမ်းဆုံ(၄)စီး၊လှည်းတန်း(၄)စီး၊ ၈မိုင်လမ်းဆုံ(၄)စီး ၊သမိုင်းလမ်းဆုံ (၄)စီး ၊မြေနီကုန်း(၄)စီး

AYA bank ကားများ နှင့် Max Myanmar ဖယ်ရီများ အခမဲ့လိုက်လံပို့ဆောင်ရန်စီစဉ်ထားကြောင်း သိရသည်။

အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က)၌ မလေးရှားအသင်းက အုပ်စုပထမ၊ ထိုင်းအသင်းက အုပ်စုဒုတိယ၊ အုပ်စု (ခ)တွင် အင်ဒိုနီးရှား အသင်းက အုပ်စုပထမ၊ မြန်မာအသင်းက အုပ်စုဒုတိယတို့ ရရှိကာ ဆီမီးဖိုင်နယ် သို့တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ညနေ ၃ နာရီတွင် အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်း တို့ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။ မြန်မာအသင်းနှင့် မလေးရှားအသင်းသည် ယခုပြိုင်ပွဲတွင် (၁ဝ)ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.