Connect with us

Politics, Law & Military

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ဆောင်ရန် RCSS/SSA အဆင်သင့်ဖြစ်ဟုဆို

ရှမ်းပြည်ပြန်လည်ထူေ ထာင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် ယနေ့ နေ့လည်ပိုင်းတွင် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန် စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံအပစ်ခတ်အတိုက်ခိုက်ရပ်စဲရေးစာချုပ် (NCA)စာချုပ်ချုပ်ဆိုပြီး လုပ်ဆောင်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေကြောင်း ယနေ့ စက်တင်ဘာ ၁၅ ရက် နေ့ သတင်းစာရှင်းလင်းပွဲတွင် ရှမ်းပြည်ပြန်လည်ထူေ ထာင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ အဆင်သင့်ဖြစ်ပါတယ်။ ကျွန်တော်တို့လိုလားတဲ့ နေရာမှာ လုပ်မယ်ဆို အဆင်သင့်ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရနှင့် တပ်မတော်အနေဖြင့် ရှမ်းပြည်နယ်ရှိ လင်းခင်းမြို့နှင့် မိုင်းပန်မြို့တို့တွင် ကျင်းပရန် ခွင့်ပြုထားသော်လည်း RCSS/SSA အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသည် ပြည်သူလူထုတွေဆုံပွဲဖြစ်သဖြင့် ပြည်သူလူထု သွားလာရန် လွယ်ကူသော တောင်ကြီးမြို့တွင် ကျင်းပရန်တောင်းဆိုထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

ရှမ်းပြည်ပြန်လည်ထူေ ထာင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် ယနေ့ နေ့လည်ပိုင်းတွင် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် မီဒီယာများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.