Connect with us

Politics, Law & Military

ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဒုတိယသမ္မတ နှင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam တို့တွေ့ဆုံဆွေးနွေး

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးချုပ်တို့တွေ့ဆုံစဉ် (ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

ရန်ကုန် စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေး နှင့် ပတ်သက်ပြီးဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam တို့တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေး၊ စက်မှုလက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးကဏ္ဍတို့ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ပို့ဆောင် ဆက်သွယ်ရေးနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် မြန်မာနိုင်ငံမှ အရည်အသွေး ကောင်းမွန်သည့် စားသောက်ကုန်နှင့်သစ်သီးဝလံများကို ဟောင်ကောင်အထူးအုပ်ချုပ် ခွင့်ရဒေသသို့ ပို့ကုန်အဖြစ်တင်ပို့နိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ကြကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းတွ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာသန်းမြင့်၊ ဦးကျော်ဝင်း၊ ဦးအုန်းမောင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.