နေပြည်တော်၊ဧပြီလ ၂၈ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်ပထမ တစ်နှစ်တာကာလ အတွင်း ပြုပြင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေပြည်တော် တွင်ဧပြီလ ၂၈ ရက် ကရှင်းလင်းပွဲပြုလုပ်ခဲ့ရာဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန အနေဖြင့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖေါ်ရေးလုပ်ငန်းစဉ်များကို ပထမတစ်နှစ်တာကာလအတွင်း အဓိကထားဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၃၀) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိလစ်ပိုင် နိုင်ငံသို့ ယနေ့ နံနက် ၀၉း၁၅ နာရီအချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF သည် ၂၀၁၇ အာဆီယံ ယူ၁၈ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှ ယူ၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသော မြန်မာ့ လက်ရွေးစင် ယူ-၁၈ အသင်းအား ပြင်သစ်နိုင်ငံသား...
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း နှစ်မျိုး အား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ အများပြည်သူသိရှိစေရန် အသိပေးကြေညာချက်ထုတ်ပြန်သည်။
ရန်ကုန် ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရေး အတွက် ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီ များက ကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် ဗားဂရာဆိပ်ကမ်း အမှတ်(၁) တံတားမှ ရန်ကုန်-စစ်တွေသွား MV-ရွှေလက် ဝါးစက်လှေသည် ဆိပ်ကမ်းမှ ထွက်ခွာစဉ် တိမ်းစောင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
နေပြည်တော်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှု ပမာဏသည် ယခင် ဘဏ္ဍာနှစ်ထက် ၁ ဒသမ ၅ ဘီလျံ တိုးတက်ရရှိခဲ့သည်ဟုစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က မီဒီယာသို့ပြောသည်။
နေပြည်တော်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) HIV ရောဂါနှင့် အသည်းရောင် – ဘီ ရောဂါဝေဒနာရှင်များအတွက် ကုသဆေး အသစ် ဖြစ်သည့် Tenofovir (300 mg) ဆေးကို ၂၀၁၇ -၂၀၁၈ည ဘဏ္ဍာနှစ်တွင် ထုတ်လုပ်ဖြန့်ချိမည်ဟု စက်မှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်...
ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့ တွင် (၅၃၁) စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး၊ (၂)ရက်အတွင်း (၇)ပေခန့် မြင့်တက်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် Water Taxi ကို လိုက်ပါစီးနင်းသူ ခရီးသည်တစ်ဦးလျှင် ခရီးစဉ်တစ်ကြောင်း စီးနင်းခ ငွေကျပ် ၃ဝဝ ဖြင့် မေလတတိယပတ်တွင် စတင်ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။