Connect with us

Politics, Law & Military

မြန်မာနိုင်ငံတွင် ရေနှင့် ဆက်နွယ်သော သဘာဝဘေး အန္တရာယ်များ နှစ်နှစ်တစ်ကြိမ် ပုံမှန်ကြုံတွေ့နေဟု ဒုတိယ သမ္မတဆို

ရေသယံဇာတနှင့် ဘေးအန္တရာယ် များဆိုင်ရာ တတိယ အကြိမ် ကုလသမဂ္ဂအထူးအစည်းအဝေး၌ ဒုတိယ သမ္မတ မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ- MOI)_

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် မုန်တိုင်းဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်းအစရှိသည့်ရေနှင့် ဆက်နွယ် နေသော သဘာဝဘေး အန္တရာယ်များကို နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် ပုံမှန်ကြုံတွေ့ခံ စားရလျက်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဇူလိုင်၂၀ရက် ဒေသစံတော် ချိန်နံနက်၁၀နာရီတွင် အမေရိကန် နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ် ၌ ကျင်းပသည့် ရေသယံဇာတနှင့် ဘေးအန္တရာယ် များဆိုင်ရာ တတိယ အကြိမ် ကုလသမဂ္ဂအထူးအစည်းအဝေး၌ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်သည် ၂ဝဝ၈ခုနှစ်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းနာဂစ်မုန်တိုင်းဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူပေါင်း တစ်သိန်းလေးသောင်း ကျော် အသက်ဆုံး ရှုံးခဲ့ကြောင်း၊ လူဦးရေ (၂ဒသမ၄)သန်း အပေါ် ထိခိုက်စေ ခဲ့ပြီး စီးပွားရေးအားဖြင့် အမေရိကန်ဒေါ်လာ (၄ဒသမ၅) ဘီလီ ယံခန့်နှင့် ညီမျှသည့် ငွေကျပ်ပေါင်း (၄ဒသမ၅) ထရီလီယံ တန်ဖိုးရှိသည့် ပျက်စီးဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့ကြောင်း ဒုတိယ သမ္မတက ဆိုသည်။

၂ဝ၁၅ခုနှစ်ကလည်း မိမိတို့နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် အများ အပြားတွင် ရေကြီးရေလျှံ မှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း ၎င်းကပြောသည်။

မြန်မာအစိုးရအနေဖြင့် အာရှ-ပစိဖိတ်ရေဖိုရမ်၏ ပူးပေါင်းဆောင်ရွက် မှုနှင့်အတူ တတိယအကြိမ်အာရှ-ပစိဖိတ်ရေညီလာခံ ထိပ်သီးအစည်း အဝေးကို ယခုနှစ် ဒီဇင်ဘာ ၁၁ရက်မှ၁၂ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းသဘာဝဘေးဒဏ်ကိုခုခံရင်ဆိုင်ရာတွင် ငွေကြေးထောက်ပံ့ နိုင်ရန်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အာမခံထားရှိနိုင်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နိုင်မှု စီမံခန့်ခွဲရေးစီမံကိန်းသို့လည်း ပူးပေါင်းပါဝင် ထားကြောင်း ဒုတိယသမ္မတက မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.