Connect with us

Politics, Law & Military

မြန်မာနိုင်ငံအား လူ့အခွင့်အရေးအခြေအနေများတိုးမြှင့်နိုင်ရေး ကူညီပေးသွားရန် အသင့်ရှိကြောင်း မစ္စ ယန်ဟီလီ ပြောကြား


ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ တိုးမြှင့်နိုင်ရေး ကူညီသွားရန် အဆင်သင့် ရှိပြီး လူ့အခွင့် အရေး များ ပိုမို ရရှိလာမည်ဟု ယုံကြည်ကြောင်း ကုလ သမဂ္ဂ ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီက ယနေ့ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်၌ ဇူလိုင် ၂၁ ရက်တွင် တွေ့ဆုံ၍ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေ များအား ကာကွယ် တိုးမြှင့်ရေးကိစ္စများအား ဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်နေသည့် အခြေအနေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု အခြေအနေ များနှင့် စပ်လျဉ်း၍လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီက ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စယန်ဟီလီတို့နေပြည်တော်၌ တွေ့ဆုံစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း အစိုးရ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း အသီးအသီးမှ ခေါင်းဆောင်များ ၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ ၊ ပြည်တွင်း နေရပ်ရှောင် ရွှေ့ပြောင်း သွားလာသူများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ နှင့် တွေ့ဆုံခဲ့သည်။မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာအား ယခု ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီသည် မြန်မာနိုင်ငံသို့ဇူလိုင် ၁၀ ရက်တွင် ရောက်ရှိလာခဲ့ပြီးယခုခရီးစဉ်သည် မြန်မာနိုင်ငံသို့၆ ကြိမ်မြောက် ခရီးစဉ် ဖြစ်ပြီး ယခု အစိုးရ လက်ထက်တွင် ၃ ကြိမ်မြောက် ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ၊ ခရီးစဉ် အတွင်း ရန်ကုန် ၊ နေပြည်တော် ၊ ရခိုင် ၊ ရှမ်း ၊ ကရင်ပြည်နယ်များသို့သွားရောက်ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.