Connect with us

Politics, Law & Military

ငွေကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအားမူးယစ်ဆေးဝါးများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဇူလိုင် ၂၀ ရက် ညပိုင်းက ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ မောင်းနှင်လာသည့် ဟိုင်းလတ်ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များထံမှ ငွေကျပ် သိန်း ၁၅၆၀ တန်ဖိုးရှိ WY စာတမ်းပါစိတ်ကြွဆေးပြား ၇၈၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် ၃ မိုင်စစ်ဆေးရေးဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၀ ရက် ည ၈ နာရီ မိနစ် ၄၀ တွင် ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ မောင်းနှင်လာသည့် ဟိုင်းလတ်ယာဉ်အား စစ်ဆေးခဲ့သည်။ကားပေါ်ပါ ခရီးသည် ၆ ဦးကို ရှာဖွေစစ်ဆေးရာ မောင်တောမြို့နယ်၊ မြို့မအရှေ့ ၄ ရပ်ကွက်နေ နောရ်ဒေါ်လာလ် ၂၃ နှစ် နှင့် စိုးနိုင် ၃၂ နှစ်တို့ ၂ ဦးနှင့်အတူပါလာသည့် ပီနံအိတ်အတွင်းမှ ငွေကျပ် သိန်း ၁၅၆၀ တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြား ၇၈၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသူ ၂ ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.