Connect with us

Politics, Law & Military

မိုးမောက်တွင်ပေါက်ကွဲမှု ဖြစ်၊ ၁ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ပေါက်ကွဲမှုဖြစ်ပြီးနောက် အခင်းဖြစ်ပွားခဲ့သည့်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ--ထက်ယံ)

ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ယနေ့နံနက် ၉ နာရီ ကျော်တွင် မိုးမောက်ရဲစခန်းအရှေ့တောင်ဘက် ၅ဖာလုံခန့်အကွာ လက်ဖက်ရည်ဆိုင်တစ်ခုရှေ့တွင် ပါဂျဲရိုး ယာဉ်အားမောင်းနှင်လာသူ ယာဉ်ပိုင်ရှင်သည် မိုးမောက်မြို့ဈေးအတွင်း ဈေးဝယ်ယူပြီးအပြန် ၎င်း၏ ယာဉ်ပေါ်သို့တက်ရန် ကားတံခါးဖွင့်စဉ် ကားအနီးတွင် ရပ်တန့်ထားသည့် အမျိုးအစား၊ အရောင်၊ ယာဉ်အမှတ်စိစစ်စဲ ဆိုင်ကယ်တစ်စီးမှာ ရုတ်တရက်ပေါက်ကွဲသွားသဖြင့် အဆိုပါယာဉ်ပိုင်ရှင် အပါအဝင် လူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဒဏ်ရာရရှိသူအသီးသီးအား မိုးမောက်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ယာဉ်ပိုင်ရှင်မှာ ရရှိသောဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်းသိရသည်။

ပါဂျဲရိုးယာဉ်ပိုင်ရှင်သည် ယာဘက်နံရိုးပေါက်ပြဲဒဏ်ရာ၊ နောက်ကျောပြင်ဝဲယာအနှံ့တွင် ပေါက်ကွဲစများထိမှန်၍ ပေါက်ပြဲဖူးရောင်ဒဏ်ရာများ၊ ဦးခေါင်းနောက်စေ့တွင် ညိုမဲဖူးရောင်ဒဏ်ရာများ ၊ ယာဘက်နားအတွင်းမှ သွေးထွက်ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ် အနီးဆိုင်ကယ်လာရပ်သူတစ်ဦး၊ အခင်းဖြစ်ပွားသည့်နေရာရှေ့လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသည့် သူတစ်ဦး၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏သမီး၊ အခင်းဖြစ်ပွားရာအနီး ကွမ်းယာဆိုင်တွင်ထိုင်နေသူတစ်ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တရားခံဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.