ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression)၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်(ရခိုင်ကမ်းရိုးတန်းဒေသ)တွင် မုတ်သုံလေအားကောင်းရာမှ အား အလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း နောက်(၇၂)နာရီအတွင်း ရခိုင်ပြည်နယ်တွင် မိုးဆက်လက်ကြီး နေမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင် ၊ အမ်းမြို့နယ်တွင် ယနေ့ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းသဖြင့် အမ်းမြို့နယ် မဲလက်မောင်း ကျေးရွာ အုပ်စု ၊ ရန်ကုန်-စစ်တွေ ကားလမ်းမကြီး...
နေပြည်တော်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဗဟိုဘဏ်၏ မှတ်တမ်းများအရ ငွေစက္ကူအတု ပျံ့နှံ့မှု ပမာဏသည် ၀ ဒသမ ၀၀၀၅၄ ရာခိုင်နှုန်းသာ ရှိသည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ သထုံငါးလုပ်ငန်းစခန်းမှ မွန်ပြည်နယ်အတွင်း ရေသယံ ဇာတပေါကြွယ်ဝရေး၊ စဉ်ဆက်မပြတ် ငါးမျိုးမပြုန်းတီးရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၂၅ သိန်းထုတ်လုပ် ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) နိုင်ငံတော်ပိုင်မြေကွက်များကို ကိုယ်ကျိုးစီးပွားအတွက် မြို့တည်ရောင်းချနေသူများအား ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သံချောင်းကျေးရွာ နှင့် ပီပင်ရင်းကျေးရွာများတွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် စံပြကျေးရွာ အရှေ့စုရပ်ကွက်၌ ဇွန် ၁၂ ရက်တွင် အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း...
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၃ရက်နေ့ နံနက် ၉ နာရီထိ ရုပ်အလောင်း ၈၅ လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) မြန်မာ-အစ္စရေး နှစ်နိုင်ငံ၏ သံတမန်နှင့် အထူး/ဝန်ထမ်းနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများအတွက် ပြည်ဝင် ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ်ကို ယနေ့ဇွန် ၁၂ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ အင်္ဂလိပ်၊ မြန်မာ၊ ဟီဘရူး (၃) ဘာသာဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး...
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၂ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ထိ ရုပ်အလောင်း ၈၃ လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။