Connect with us

Politics, Law & Military

နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားသို့ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည် မိသားစုဝင်များ တက်ရောက် ဂါရဝပြု

နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ ဒုတိယ သမ္မတဦးမြင့်ဆွေ ဦးဆောင်သော အစိုးရအဖွဲ့ဝင်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တက်ရောက် ဂါရဝပြုစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ကုန်းရှိ အာဇာနည်ဗိမာန်၌ ယနေ့ဇူလိုင် ၁၉ ရက်တွင် ကျင်းပရာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင် ကြီးများ ၏ အထိမ်းအမှတ် ဂူဗိမာန်၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည် မိသားစုဝင်များ တက်ရောက်၍ လွမ်းသူ ပန်းခွေချ ဂါရဝပြုခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တိုင်ဝက်သို့လျှော့ချ လွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက် အလေးပြုခြင်း ၊ စစ်ခရာ အဖွဲ့က ကျဆုံး ရဲဘော် အလေးပြု ခရာမှုတ်ကာ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ နှစ်မိနစ် ငြိမ်သက်စွာဖြင့် မေတ္တာပို့သ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။

အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တက်ရောက် ဂါရဝပြု လွမ်းသူပန်းခွေ ချခဲ့ကြသည်။

ထို့အတူ နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပရာ အာဇာနည်ဗိမာန် ပန်းခြံ အဝင်လမ်း နှင့် အများပြည်သူ အဝင်လမ်း တို့တွင် ဗိုလ်ချုပ် အောင်ဆန်း၏ အဆိုအမိန့်နှင့် မိန့်ခွန်းများ ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ Graphic ပုံရိပ်များကိုလည်း အများပြည်သူ လေ့လာ ကြည့်ရှုနိုင်ရန် ပြင်ဆင် မွမ်းမံထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.