Connect with us

Politics, Law & Military

Y-8 လေယာဉ်ပျက်ကျမှုသည် ပေါက်ကွဲစေသောပစ္စည်းကြောင့် မဟုတ်ဘဲ ဆိုးဝါးသော ရာသီဥတုနှင့် ကြုံတွေ့ခဲ့ရ၍ ပျက်ကျဟု တပ်မတော်ထုတ်ပြန်

Y-8လေယာဉ်ပျက်ကျမှုအကြောင်းရင်းအား Black Box၌ အဖြေရှာဖွေနေစဉ် (ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တပ်မတော် သယ်ယူပို့ဆောင်ရေး Y-8 ပျက်ကျမှုသည် ပေါက်ကွဲစေသောပစ္စည်းကြောင့် ပျက်ကျခဲ့ခြင်းမဟုတ်ဘဲ ဆိုးဝါးသောရာသီဥတုနှင့် ကြုံတွေ့ခဲ့ရပြီး lost controlဖြစ်ပေါ်ပျက်ကျခဲ့ကြောင်းယနေ့ ဇူလိုင် ၁၈ ရက်နေ့တွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်သည်။

ယင်း တပ်မတော် သယ်ယူပို့ဆောင်ရေး (Y-8 F 200 W) လေယာဉ်ပျက်ကျရခြင်းသည် မသမာမှုတစ်ခုခုကြောင့်သော်လည်းကောင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုခုကြောင့် သော်လည်း ကောင်း ၊ လေယာဉ်အင်ဂျင်ချို့ယွင်းရပ်တန့်မှုကြောင့်သော်လည်းကောင်း ပျံသန်းစဉ် ပျက်ကျခဲ့ခြင်း မဟုတ်ဘဲ ဆိုးရွားသည့် ရာသီဥတုနှင့်ကြုံတွေ့ခဲ့ရပြီးနောက် lost control ဖြစ်ပေါ်ခဲ့၍ လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။Black Box ဟုခေါ်သော FDR- Flight Data Recorder နှင့် CVR-Cockpit Voice Recorder တို့ ပါရှိသည့် လေယာဉ် အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

FDR နှင့် CVR မှတ်တမ်းအရ မြိတ်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ခရီးလမ်း တစ်လျှောက် လေတိုက်နှုန်းသည် တစ်နာရီနော့တီကယ် ၉ မိုင်(၁၆.၇ ကီလိုမီတာ)မှ ၄၄ မိုင် (၈၁.၅ ကီလိုမီတာ)အထိ တဖြည်းဖြည်းအားပြင်းလာခဲ့ကြောင်းတွေ့ရှိကြောင်း၊လေယာဉ်၏ ဝဲ/ယာနှစ်ဖက်စလုံးရှိ Pitot အပူပေးစနစ်ကိုဖွင့်၍ တိမ်ထုကို ထိုးဖောက်ရန်ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လေယာဉ်ပျက်ကျသည့် ဒေသစံတော်ချိန် ၁ နာရီ ၃၀ မိနစ် ၁၈ စက္ကန့်မှ ၁ နာရီ ၃၁ မိနစ် ၂၂ စက္ကန့်အထိ အချိန်တိုကာလအတွင်း လေယာဉ်၏ အင်ဂျင်လေဝင်ပေါက်ရေခဲသည့် အချက်ပြမီး ထွက်ပေါ်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၁ နာရီ ၃၁ မိနစ် ၅၀ စက္ကန့် မှ ၁ နာရီ ၃၂ မိနစ် ၁၀ စက္ကန့်အတွင်း လေယာဉ်၏ ဝဲဘက်ကိုယ်ထည် ခြမ်းသို့ (Cross Wind) ၉၀ ဒီဂရီတည့်တည့်မှ ခန့်မှန်း လေတိုက်နှုန်းသည် တစ်နာရီ နော့တီကယ် ၉ မိုင်(၁၆.၇ ကီလိုမီတာ)မှ ၄၈ မိုင်(၈၈.၉ ကီလိုမီတာ)အထိ လေတိုက်ခတ်မှုခံခဲ့ရာ (Cross Wind) ကြောင့် လေယာဉ်ဦးတည်ရာလမ်းကြောင်းမှ သွေဖည်ခြင်း (Drift Angle) မှာ ၃ ဒီဂရီမှ ၁၅.၈ ဒီဂရီအထိ တိုးမြှင့်လာခဲ့ ကြောင်း၊ လေယာဉ်သည် ရုတ်ချည်းပြောင်းလဲနေသော ပုံမှန်မဟုတ်သည့် ရာသီဥတုတွင် ပျံသန်းခဲ့ရကာ ဘေးတိုက် လေတိုက်နှုန်းမှာလည်း အရှိန်ပြင်းသည့် အနေအထားကို တွေ့ရှိရကြောင်း၊အခြေအနေသည် ပုံမှန်ရှိရမည့် ပမာဏထက် stall speed ကို ပိုမိုမြင့်တက်စေသဖြင့် လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နိုင်သည့် အခြေအနေမရှိတော့သည့် အဓိကအကြောင်းအရင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

FDR နှင့် CVR တို့၏ မူလထုတ်လုပ်သည့် ကုမ္ပဏီ Original Equipment Manufacturer (OEM) မှာ တရုတ်နိုင်ငံဖြစ်ပြီး ထုတ်လုပ်သူနှင့် အသုံးပြုသူ နှစ်ဦးနှစ်ဖက်အကြား သံသယကင်းရှင်းပြီး မလိုလားသည့် ကြားခံအဖွဲ့အစည်းများ၏ သွေးထိုးမှုရှောင်ရှား နိုင်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တတိယအဖွဲ့အစည်း (Third Party)နှင့် ဖော်ထုတ်ရန်လမ်းညွှန်ခဲ့သည်။တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 F 200 W အမျိုးအစား၊ လေယာဉ် အမှတ်-၅၈၂၀) သည် ဇွန် ၇ ရက်တွင် မြိတ်မှ ရန်ကုန်သို့ ပျံသန်းစဉ် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ပျက်ကျခဲ့ပြီး အဆိုပါလေယာဉ်နှင့်လိုက်ပါလာသော လူ၁၀၀ကျော် သေဆုံးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.