နေပြည်တော်၊ မေ ၈ ရက် (ဆင်ဟွာ) မြန်မာ့ ကြက်ခြေနီ အသင်း၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုများကို ယခုထက် ပိုမို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းကြရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ကမ္ဘာ့ ကြက်ခြေနီနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလဒုတိယ(၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ပြီး ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း၊၎င်းသည် ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) မေလ ၇ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ဆောင်းပြောင်း နှင့် နောင်ဝိုးကြား ရထားလမ်းခွဲတွင် ကား နှင့်ရထားတိုက်မိရာ ကားပေါ်တွင် ပါလာသူတချို့ ဒဏ်ရာရရှိခဲ့ကြောင်း ပင်လောင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ဆင်ဟွာသို့...
ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး နှင့် ပဲခူး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ် ၊ အဆောက်အအုံ ပြိုကျ ပျက်စီးမှုများ နှင့် ထိခိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ...
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) e-Government လုပ်ငန်းများ အတွက် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့ဘဏ် နှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ သတင်း ထုတ်ပြန် ခဲ့သည်။
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂ဝ၁၇ခုနှစ် ဧပြီလတစ်လတာကာလအတွင်းကမ္ဘာလှည့် ခရီးသွားဧည့်သည် ၄ဝ,၇၈၉ ဦး လာရောက်ဖူးမြော်ခဲ့ကြသည့်အတွက် ၂၀၁၆ ခုနှစ် ဧပြီလ နှင့်ယှဉ်ပါက ၈၀၀၀ ကျော် ပိုမိုလာရောက် ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုနည်းဥပဒေများအရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများဆောင်ရွက်နေကြောင်း အကြောင်းကြားရန်ကိစ္စ နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မေ ၅ ရက် (ဆင်ဟွာ) HUAWEI စမတ်ဖုန်း အသစ် P 10 နှင့် P 10 Plus မိတ်ဆက်ခြင်း အခမ်းအနား ကို မေလ ၅ ရက်နေ့ ည ၆ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ...
ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် စတင်ပြေးဆွဲမည့်ရေပေါ်တက္ကစီ (Water Taxi) ပထမအဆင့်တွင် သဘောၤ၁၆ စင်းဖြင့် ဇွန်လထဲတွင် ပြေးဆွဲရန်ရည်ရွယ်ထားကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ယနေ့ မေ၅ရက်တွင် ရန်ကုန်မြို့ တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။