Connect with us

Social

မွန်ပြည်နယ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်မည်

အာဖဂန်နစ္စတန်နိုင်ငံ ကွန်ဒုစ်ပြည်နယ်ရှိ အာဖဂန် အထူးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဝဲကလိ ကျေးရွာ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

Myanmar Offshore Supply Base Limited (MOSB) သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများအတွက် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ သွားလာရာတွင် ကြာချိန်ကိုလျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

MOSB Limited သည် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ပြီး ကမ်းလွန်ရေနံ လုပ်ငန်းများသို့ ဒီဇယ်နှင့်တခြားလုပ်ငန်း သုံးပစ္စည်းများ ဖြန့်ဖြူးမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူ များအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းတည်ဆောက်ရေးကို ဇူလိုင် ၁၁ ရက်က နေပြည်တော်၌ ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (၁ဝ/၂ဝ၁၇) အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ စွမ်းအင်ကဏ္ဍကို တစ်စိတ် တစ်ပိုင်း အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.