Connect with us

Agriculture

စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးစပါး ဧက တစ်သိန်းကျော် စိုက်ပျိုးပြီးစီး

မိုးစပါးစိုက်ခင်းတစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ ဧကပေါင်း ၁၂၅၁၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၁ဝ) ခုတွင် မိုးစပါး (၁၇၈၄၁၉၂)ဧက စိုက်ပျိုးရန်အတွက် လျာထားလျက်ရှိရာ ဇူလိုင်လ ဒုတိယပတ်အထိ (၁၂၅၁၉၅) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးပြီးစီးမှုအဖြစ် စစ်ကိုင်းခရိုင်အတွင်းရှိမြို့နယ်(၃)ခုတွင် (၂၆၂ဝ)ဧက၊ မုံရွာခရိုင် အတွင်းရှိ မြို့နယ် (၄)ခုတွင် (၆၁၈၆)ဧက၊ ရွှေဘိုခရိုင် အတွင်းရှိ မြို့နယ်(၆)ခုတွင် (၃၂၈၂၉)ဧက၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် (၇၉၄)ဧက၊ ကသာခရိုင် အတွင်းရှိ မြို့နယ် (၇)ခုတွင် (၂၆၆၂၇)ဧက၊ ယင်းမာပင်ခရိုင် အတွင်းရှိ မြို့နယ် (၄)ခုတွင် (၃၅၃၁၈)ဧက၊ ကလေးခရိုင် အတွင်းရှိ မြို့နယ် (၃)ခုတွင် (၁၂၅၈၆)ဧက၊ တမူးခရိုင် အတွင်းရှိ မြို့နယ်နှင့် မြို့နယ်ခွဲ(၃)ခုတွင် (၁၆၃ဝ)ဧက၊ မော်လိုက်ခရိုင် အတွင်းရှိ မြို့နယ် (၂) ခုတွင် (၄၂ဝ)ဧက၊ ခန္တီးခရိုင် အတွင်းရှိ မြို့နယ် (၂)ခု တွင် (၆၁၈၅)ဧက စုစုပေါင်း (၁၂၅၁၉၅) ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)