Connect with us

Environment, Disasters & Accidents

ဧရာဝတီ ၊ ချင်းတွင်း နှင့် ငဝန် မြစ်များ စိုးရိမ် ရေမှတ် အထက်သို့ ကျော်လွန်နေပြီး မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူး သတိပြု နေထိုင်ကြရန် အကြံပြု

မော်လိုက်မြို့ ၌ ချင်းတွင်း မြစ်ရေသည် စိုးရိမ် ရေမှတ် အထက် မြင့်တက်နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ဧရာဝတီ ၊ ချင်းတွင်း နှင့် ငဝန် မြစ်ရေများသည် ယနေ့ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်း အချိန် တိုင်းထွာချက်များ အရ စိုးရိမ် ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေသဖြင့် မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထားသည်။

ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် ၁ ပေခန့် ၊ ညောင်ဦးမြို့ တွင် ၂ ပေခန့် ၊ ဟင်္သာတမြို့တွင် ပေဝက်ခန့် နှင့် ဇလွန်မြို့တွင် ၁ စင်တီမီတာခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေပြီး ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအား အထူးသတိပြု နေထိုင်ကြရန် အကြံပြုထားသည်။

ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ တွင် ၁ ပေခန့် ၊ ကနီမြို့တွင် ပေဝက်ခန့် ၊ မော်လိုက်မြို့တွင် ၅ ပေခန့်၊ ကလေးဝမြို့တွင် ၄ ပေခန့်နှင့် မင်းကင်းမြို့တွင် ၄ ပေခွဲခန့် ၊ မုံရွာမြို့တွင် ၂ ပေခန့် ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက် အရ သိရသည်။(Xinhua)