Connect with us

Politics, Law & Military

အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုံခြုံရေး တိုးမြှင့်ထား

အာဇာနည်နေ့ အခမ်းအနား တစ်ခုအား တွေ့ ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်၌ ကျင်းပမည်ဖြစ်ရာ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လုံခြုံရေးတိုးမြှင့် ဆောင်ရွက် ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အာဇာနည်နေ့တွင် အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ်ထားသည့် ဝန်ကြီးများရုံး(ဟောင်း) ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ၊ ဗိုလ်ချုပ်ကြေးရုပ် တို့တွင် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် လာရောက် လေ့လာနိုင်စေရန် လုံခြုံရေး အပြည့် အဝ ချထားကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အာဇာနည်နေ့မတိုင်မီ ဇူလိုင် ၁၃ ရက်မှစ၍ မြို့နယ် အသီးသီးတွင် ယာဉ်စစ်ပိတ်ဆို့စစ်ဆေး ဆောင်ရွက်ခြင်း၊ မြို့ဝင်/ထွက်ဂိတ်များတွင် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက် ရှိပြီး နယ်မြေအတွင်း ကင်းလှည့်စောင့်ရှောက်ခြင်း ကို မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီး၊ ခြေကျင်လှည့်ကင်းများဖြင့် ချိတ်ဆက်ဆောင်ရွက် လျက်ရှိသည့်အပြင် ခရိုင်လေးခရိုင်အတွင်း၌ လည်း ခိုး၊ ဆိုး၊ လုယက်မှုများ မဖြစ်ပွားစေရေး အတွက် စွန်ရဲစီမံချက်အဆင့်(၃)ဖြင့် ဖော်ထုတ် ဖမ်းဆီး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.